အပိုင်း (၁၃)

265 50 1
                                    

လေယာဉ်ကွင်းကို သွားနေတဲ့ ကားလေးရဲ့နောက်ခန်းမှာ သူနဲ့ ဟိုလူနှစ်ယောက်တည်း။ ရှေ့ခန်းမှာ ဒရိုင်ဘာရှိနေပြီး သူက အခုထိ လေယာဉ်စီးဖို့ သွားနေတယ်ဆိုတာ သူ့ကိုယ်သူ မယုံနိုင်သေးဘူး။ ရုတ်တရက်ကြီးကို ခရီးသွားဖြစ်ပြီး လေယာဉ်စီးရတော့မှာပဲ။ မေမေ့ကိုတောင်နှုတ်မဆက်ရသေးဘူး။

ချန်ယောလ်က ဘောင်းဘီအိတ်ထဲ စမ်းကြည့်လိုက်ပေမဲ့ သူ့ဖုန်းက ပါမလာခဲ့။ ဟုတ်သားပဲ။ သူအခန်းထဲတောင် ပြန်မဝင်ဘဲ ဟိုလူ့နောက်ကို ကြောင်ပေါက်လေးလို တကောက်ကောက်လိုက်လာခဲ့တာ။ ဖုန်းက ကျန်ခဲ့တာပဲ။

"ဟို...ခင်ဗျားဖုန်းခဏငှားလို့ရလား"

"အင်း ယူလေ ဘယ်ကိုဆက်ချင်တာလဲ"

"မေမေ့ကို ဘာမှ မပြောဖြစ်ခဲ့တော့ အဆက်အသွယ်မရရင် စိတ်ပူနေမှာစိုးလို့"

"ဒါဆိုရင်တော့ ဆက်ဖို့မလိုတော့ဘူး ကိုယ်ပြောထားပြီးပြီ
မင်းရဲ့ဖုန်းလည်း မကျန်ခဲ့ဘူး ကိုယ်ထည့်ထားပေးပြီးသား"

"ခင်ဗျားက အကုန်စီစဉ်ထားပြီးသားပဲ"

ချန်ယောလ်ရဲ့ ချက်ချင်းဆူပုတ်သွားတဲ့မျက်နှာကိုကြည့်ကာ အဲ့ဒီလူကပြုံးသည်။ တစ်မနက်ခင်းလုံးချန်ယောလ်ကို စနောက်နေခဲ့ရတာကို စိတ်ကျေနပ်နေပုံရသည်။

"ချန်ယောလ်သွားချင်တဲ့နေရာကို လိုက်ပို့ပေးချင်တာပါပဲ
အလုပ်ကလည်းရှိနေတာနဲ့ အဲ့ဒီမှာပဲ ရက်ပိုနေဖို့ စီစဉ်ဖြစ်လိုက်တယ်
မင်းသွားချင်တဲ့နေရာကတော့ နောက်မှ...အင်း....နောက်ကြုံခဲ့ရင်ပေါ့"

"အခုက ဘယ်ကိုလဲ"

"အူလ်ဆန်..."

သူတို့စကားပြောနေတုန်းမှာပဲ ကားက လေဆိပ်ထဲကို ကွေ့ဝင်လိုက်သည်။ ကားပေါ်က လက်ဆွဲအိတ်နှစ်လုံးကို ဒရိုင်ဘာက ချပေးခဲ့ပြီးနောက် သူတို့နှစ်ယောက်တည်း အဆောက်အဦထဲဝင်လာခဲ့ကြသည်။

"ကျွန်တော် လေယာဉ်မစီးဖူးဘူး"

"စိတ်လှုပ်ရှားနေတာလား တစ်နာရီပဲကြာမှာပါ"

လေဆိပ်မှာလိုအပ်သမျှကို ဒီလူက ဦးဆောင်လုပ်ပေးနေပြီး ချန်ယောလ်ကိုတော့ ခုံတန်းမှာသာ သက်သက်သာသာ ထိုင်နေစေသည်။ ထို့နောက် သူတို့လေယာဉ်ပေါ်တက်ရမည့်အချိန်ကိုရောက်လာသည်။ ထိုလူ့လက်ဝါးတစ်ဖက်က သူ့လက်ကိုညင်သာစွာဆွဲယူပြီး နှစ်ယောက်အတူ...ဟိုလူက ရှေ့ကနေ ဦးဆောင်ပြီး လေယာဉ်ပေါ်ကိုတက်သွားသည်။ Safety Belt ကအစ အကုန်လုံးထိုလူကသာ အကုန်လိုက်လုပ်ပေးနေသည်။

ချစ်သည် ဆိုတာထက် ပိုသောWhere stories live. Discover now