အပိုင်း (၅)

261 52 5
                                    

တနင်္လာနေ့မနက် ကျောင်းတက်ဖို့ကို မေမေ့ဆီကနေပဲ သွားရန် ချန်ယောလ် စီစဉ်ထားသည်။ အိမ်ကနေ ဆောဂျောင်းကို ဝင်ခေါ်ပြီး ကျောင်းတူတူသွားမည်။ ပြီးလျှင် ဆောဂျောင်းသွားချင်သည့်နေရာကို ကားနှင့်လိုက်ပို့ပေးမည်။ ဆောဂျောင်းပျော်နေရင် ချန်ယောလ်လည်း စိတ်ချမ်းသာသည်။ ဆောဂျောင်းကို အိမ်ကထွက်လာကတည်းကဖုန်းဆက်ထားပြီး အိမ်ရှေ့ထိ ကြိုပေးမည့်အကြောင်းပြောသော်လည်း ဆောဂျောင်းက လမ်းထိပ်မှာစောင့်နေခဲ့သည်။

"ဆောဂျောင်း ဘာလို့လမ်းထိပ်ထွက်နေတာလဲ  အိမ်အထိ လာပါမယ်ဆို"

"ဒီတိုင်းပါပဲ အဆင်သင့်ဖြစ်နေတာနဲ့ လမ်းလျှောက်ပြီးထွက်လာလိုက်တာ"

"တက်လေ..."

"နင့်အမျိုးသားဝယ်ပေးထားတာဆိုတော့ အားတော့နာတယ်"

"လမ်းတူလို့ လိုက်စီးတာပဲ ရပါတယ် တက်..."

အားနာသလိုဖြစ်နေတဲ့ဆောဂျောင်းကို ကားတံခါးဖွင့်ပေးပြီး ရှေ့ခန်းမှာထိုင်စေကာ ခါးပတ်ပတ်ပေးလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက် ကျောင်းအတူသွားပြီး ညနေကျောင်းဆင်းတော့ ဆောဂျောင်းသွားချင်သည့် နေရာတွေကို ကားနှင့်လိုက်ပို့ပြီးမှ အိမ်ပြန်ခဲ့သည်။ ဆောဂျောင်းအပြုံးတွေလောက် သူ့ကို အမောပြေစေတာ မရှိပေ။

*

ဂျောင်ဆူး အလုပ်လုပ်နေတုန်း အတွင်းရေးမှူးဝင်လာပြီး သူစုံစမ်းခိုင်းထားသည့် ဖိုင်များကို လာပေးသည်။ အချက်အလက် အကုန် အတိအကျ မသိရသေးသော်လည်း မသမာသည့် ငွေကြေးလိမ်လည်မှုဖြစ်ကြောင်း ထင်ရှားသည့် သက်သေ အချို့ကို ရရှိထားပြီဖြစ်သည်။

"ဒီထက်ပိုစုံစမ်းပါဦး အခုရတဲ့အချက်အလက်တွေကို ပွားပြီး ရှေ့နေ့ ကင်မ်ဆီပို့ပေးပါ
ကိုယ်ပိတ်ရက်တုန်းက သူနဲ့ စကားပြောခဲ့သေးတယ်
သူလည်း အချက်အလက်တွေမျှော်နေလောက်ပြီ"

"ဟုတ်ကဲ့ ကျွန်တော်ပို့လိုက်ပါ့မယ်
ပြီးတော့ အစ်ကိုလေးချန်ယောလ်က ကျောင်းသွား ကျောင်းပြန်
မင်ဆောဂျောင်းနဲ့ အတူတူ သွားပါတယ်တဲ့"

ချစ်သည် ဆိုတာထက် ပိုသောWhere stories live. Discover now