အပိုင်း (၄)

245 45 2
                                    

စနေနေ့ဖြစ်သောကြောင့် ချန်ယောလ် အိပ်ယာထ အနည်းငယ်နောက်ကျသည်။ ညကတည်းက အိမ်ပြန်လာဖို့ မေ့မေ့ဆီဖုန်းဆက်ထားပြီးပြီ ဖြစ်သည်။ လက်ထပ်ပြီး တစ်လကျော်မှ မေမေ့အိမ်ကို ပထမဆုံးပြန်ခွင့်ရတာဖြစ်သည်။ ဟိုလူက တားနေတာမဟုတ်ဘဲ မေမေက မလာဖို့ တားနေတာဖြစ်သည်။သောကြာနေ့ ညနေကတည်းပြန်ချင်ပေမဲ့ အတန်းချိန်နောက်ကျတာရော ဟိုလူ့ကို အသိမပေးရသေးတာရောကြောင့် စနေနေ့ မနက်မှ ပြန်ဖို့ဆုံးဖြတ်လိုက်သည်။ အိပ်ယာနိုးတာနဲ့ ရေချိုးပြီး ထွက်လာခဲ့တော့မည့်အကြောင်း မေမေ့ကိုဖုန်းလှမ်းဆက်လိုက်သည်။

ချန်ယောလ် အခန်းပြင်ထွက်လာတော့ တစ်အိမ်လုံးက တိတ်ဆိတ်နေသည်။ ဟိုလူက စနေနေ့ပါ အလုပ်သွားတတ်သည့်သူဆိုတော့ အလုပ်သွားနေလောက်ပြီထင်သည်။ ညကတည်းက မနက်စာမပြင်ဖို့ ပြောထားတော့ ချန်ယောလ် အောက်ထပ်ကိုသာတန်းဆင်းလာခဲ့သည်။ တံခါးဝမှာ ဖိနပ်စီးနေတုန်း ကားသံကြားပြီး ဟိုလူပြန်ရောက်လာသည်။ ရုံးတက်သည့်အဝတ်အစားမဟုတ်ဘဲ sport shirt အနက်ကို pants အဖြူနဲ့တွဲဝတ်ထားသည်။

"ချန်ယောလ် သွားတော့မှာလား ကိုယ်အပြင်ခဏသွားစရာပေါ်လာလို့
တော်သေးတာပေါ့ မင်းအိမ်မပြန်ခင် မီလိုက်လို့"

"ဘာပြောစရာရှိသေးလို့လဲ"

"အထွေအထူးမရှိပါဘူး မင်းအတွက် ကားတစ်စီးရောက်နေပြီ
အဲ့ဒါနဲ့သွားလိုက်နော် လိုင်စင်လည်းရပြီဆိုတော့ စမ်းမောင်းလို့ရပြီ"

ချန်ယောလ်လက်ကိုဆွဲယူကာ လက်ဝါးပေါ်တင်ပေးလာသည့် ကားသော့က ငွေရောင်တလက်လက် ထ နေသည်။ သူကားစီစဉ်ပေးမယ်ပြောတုန်းက စိတ်ထဲဘယ်လိုမှ မနေပေမဲ့ တကယ်ကြီး ကားတစ်စီးဝယ်လာပေးတော့ အားနာပြီး လက်မခံချင်သလိုဖြစ်လာသည်။
အိမ်မှာ သူစီးနေ့ကျ ကားတွေထဲက တစ်စီးလောက် ခဏပေးလိုက်လည်း ဖြစ်တာကို ဘာလို့ အသစ်ကြီးပေးတာလဲ။

"လာလေ ချန်ယောလ်"

တောင့်တောင့်ကြီး ရပ်နေတဲ့သူ့ကို လက်မောင်းကနေဆွဲကာ သူ့ကားတွေရပ်ထားသည့် ဂိုဒေါင်ဘက်ခေါ်လာသည်။ ခဲနက်ရောင်ကားက ပြောင်လက်နေတာမျိုးမဟုတ်ဘဲ ချန်ယောလ်တကယ်သဘောကျသည့် matte type ကားမျိုးဖြစ်သည်။ ဒါမျိုးကားတွေက ပုံမှန်ထက် ဈေးနှစ်ဆလောက် ပေးရတာမဟုတ်ဘူးလား။ ဘာလို့ အဲ့ဒီလောက်ကြီးကို...။

ချစ်သည် ဆိုတာထက် ပိုသောWhere stories live. Discover now