အပိုင်း (၇)

247 54 2
                                    

ချန်ယောလ် မနက်စာစားပြီး ဧည့်ခန်းတွင်ထိုင်ကာ ဟိုလူဖုန်းပြောနေတာကိုစောင့်နေလိုက်သည်။ ဟိုလူက ရှေ့နေဆိုသည့် သူ့အဆက်ဟောင်းနှင့် ဖုန်းပြောနေတာဖြစ်ပြီး တော်တော်နှင့်ကို မပြီးနိုင်။ ချန်ယောလ် အိမ်အောက်ရောက်ကတည်းက သူ မနက်စာစားပြီးနေတာဖြစ်ပြီး ချန်ယောလ်စားနေသည့်တစ်လျောက်ရော စားပြီးသွားသည်အထိ ဖုန်းပြောလို့က မပြီးနိုင်။ အိမ်အောက်ထပ်က စာဖတ်ခန်းထဲဝင်ပြောနေသောကြောင့် သူဘာပြောနေလည်း သေချာမကြားရ။ အခန်းထဲကပြန်ထွက်လာသော်လည်း သူက ဖုန်းအပြောမပြတ်သေး။ ကျောင်းသွားဖို့ စောင့်နေတဲ့ ချန်ယောလ်ကို နည်းနည်းလေးတောင် အဖက်မလုပ်။

"ဒါဆို ဒီတစ်ပတ် စနေတွေ့ကြမယ် ဂျုံအင်
ဒါပဲနော်"

ထိုလူက ဖုန်းချလိုက်ပြီးမှ ချန်ယောလ်ကို သတိထားမိဟန်နှင့် မျက်လုံးများဝိုင်းသွားပြီးကြည့်နေသည်။ စိတ်မရှည်တော့တဲ့ ချန်ယောလ်က သက်ပြင်းချလိုက်ပြီး...

"ဘာကြည့်နေတာလဲ ကျွန်တော်ကျောင်းသွားဖို့ ခင်ဗျားကိုစောင့်နေတာ"

"ဟင်..."

"ဘာတွေကြောင်တောင်တောင်ဖြစ်နေတာလဲ
ပြီးခဲ့တဲ့ရက်တွေက ခင်ဗျားပဲလိုက်ပို့နေတာမဟုတ်ဘူးလား"

"ဟောဗျာ...မင်းရဲ့ကား ပြန်ရနေပြီလေ ချန်ယောလ်..
မင်ချောမပြောဘူးလား..."

"မပြောပါဘူး.."

"သူမေ့သွားတာနေမယ် ကိုယ်သူ့ကိုပြောပေးဖို့ မှာထားတာ"

"ကျစ် စောစောကမပြောဘူး အလကားနေရင်းနောက်ကျပြီ"

ချန်ယောလ် ပွစိပွစိပြောကာ ကားမောင်းထွက်လာခဲ့သည်။ ကျောင်းကိုရောက်တော့ ဆောဂျောင်းနှင့်အတူ အခန်းထဲသွားနေရင်း အတန်းတူ ကျောင်းသားတစ်ဦးက ချန်ယောလ်ကို လာခေါ်သည်။ ဌာနက ဆရာခေါ်ခိုင်းသည် ဆိုသောကြောင့် ဆောဂျောင်းကို အခန်းထဲအရင်ဝင်စေပြီး သူဌာနကိုသွားလိုက်သည်။ အရွေးခံရသည့် Interior Design ကိစ္စကို အနည်းငယ်ဆွေးနွေးပြီးနောက် သူ စာသင်ခန်းထဲပြန်ခဲ့သည်။

တစ်နေကုန် စာသင်နေရသော်လည်း စာသင်ချိန်တွေကို သူစိတ်မပါတော့ပေ။ သူအိမ်ပြန်ချင်သည်။ ဟိုလူကိုလည်း တွေ့ချင်သည်။
သူ ဟိုလူ့ကို မှားယွင်းပြီး စွပ်စွဲမိသွားခဲ့ပြီ။ အဲ့ဒီလူပြောသလိုပဲ အမှားတွေက သူ့မျက်စိရှေ့မှာ ကွယ်နေခဲ့လို့ သူအမှန်ကိုရှာဖို့ မေ့လျော့နေခဲ့သည်ပဲ။ သူတောင်းပန်ရင် ဟိုလူက ခွင့်လွှတ်ပါ့မလား။

ချစ်သည် ဆိုတာထက် ပိုသောWhere stories live. Discover now