အပိုင်း (၉)

254 52 2
                                    

ချန်ယောလ်တို့အိမ်ကနေပြန်လာပြီးတော့ သူ့စိတ်ထဲမှာ ဟိုလူနဲ့ပတ်သက်လို့ အရင်ထက်ပိုပြီး အမြင်ကြည်လင်လာသည်။ ဒီလူရဲ့ အေးအေးဆေးဆေးနေတတ်ပြီး စိတ်ထားပြည့်ဝမှုကြောင့် သူတို့ဟာ မုန်းတီးနေရမဲ့ ဆက်ဆံရေးမျိုးမဟုတ်ကြောင်း စတင်တွေးမိလာသည်။ သူ့စိတ်ထဲမှာ အနည်းငယ် လွန်ဆွဲနေရသည့်ကိစ္စကတော့ ဆောဂျောင်းနဲ့ပတ်သက်မှုပဲဖြစ်သည်။ ဆောဂျောင်းက မပြောင်းလဲဘူးဆိုပေမဲ့ သူ့ဘက်ကများ ပြောင်းလဲမိနေပြီလား။ ကျောင်းတက်သည့်ရက်တိုင်း ဝတ္တရားမပျက် ဆောဂျောင်းကို အကြိုအပို့လုပ်နေမိတာကို ဒီလူသတိထားမိပေမဲ့ ဘာမှတော့ မပြောခဲ့ပေ။

ဆောဂျောင်းကို အိမ်ပြန်ပို့ပေးသည့်တစ်ရက် ဆောဂျောင်းမိဘတွေက ချန်ယောလ်ကို အိမ်ထဲဝင်ထိုင်ဖို့ခေါ်သည်။ ဖေဖေမဆုံးခင် နှစ်အိမ်တစ်အိမ်လိုဆက်ဆံရေးက ဖေဖေဆုံးသွားပြီးချိန်တွင် တဖြည်းဖြည်း ဝေးကွာလာသည်ဟု ချန်ယောလ်ခံစားရသည်။ ဒါက စီးပွားရေးပျက်ပြားသွားသည့် ချန်ယောလ်တို့အိမ်အခြေအနေကြောင့်လား၊ ချန်ယောလ် လက်ထပ်လိုက်သည့် ကိစ္စကြောင့်များလား သူလည်း သေချာမသိ။ ဒီနေ့ အိမ်ထဲဝင်ဖို့ ဆောဂျောင်းအမေကိုယ်တိုင်ပြောတော့ ချန်ယောလ် ပျော်သွားတာ အမှန်ပဲဖြစ်သည်။

"ဆောဂျောင်း...သမီးဖေဖေက မနေ့က အလုပ်ဖိုင်တွေ mail ပို့ပေးဖို့ပြောထားတယ်"

"ဒါဆို ပို့ပေးလိုက်ဦးမယ်....ချန်း ငါပြန်ဆင်းခဲ့မယ်နော်"

ဆောဂျောင်း အိမ်ပေါ်တက်သွားတော့ ဆောဂျောင်းမေမေနှင့် ချန်ယောလ်နှစ်ယောက်တည်း ဧည့်ခန်းထဲမှာကျန်ရစ်ခဲ့သည်။ ဘာမှန်းမသိ အေးစက်လာတဲ့လေထုကြောင့် ချန်ယောလ် အနေမတတ်စွာ လက်အချင်းချင်း ဆုပ်နယ်နေမိသည်။ ငယ်ကတည်းက ဒီအိမ်ကို အဝင်အထွက်များခဲ့တာ ဘာလို့ ဒီတစ်ခါမှ စိမ်းသက် အေးစက်မှုကို ခံစားနေရလဲ မပြောတတ်။

"ချန်ယောလ်တို့ အခု နေရထိုင်ရတာ အဆင်ပြေကြရဲ့လား"

"ဟုတ် အန်တီ ပြေပါတယ်
မေမေက အရင်လိုပဲ အိမ်ကနေ ချည်ထိုးတဲ့အလုပ်လုပ်ပါတယ်"

"အဲ့ဒါက ဝင်ငွေသိပ်မရဘူးပဲကို"

"မေမေက ဒီတိုင်း ဝါသနာပါလို့လုပ်တာပါ"

ချစ်သည် ဆိုတာထက် ပိုသောWhere stories live. Discover now