M-62 (end)

5.6K 363 28
                                    

အခန်း ၆၂ နိဂုံး(လက်ထပ်ပြီးနောက်)

(၁)

"ရှောင်လဲ့ ကိုယ့်ကုမ္ပဏိီမှာ အလုပ်လာလုပ်"

"....."

"ရှောင်လဲ့ ကိုယ်ကုမ္ပဏီက မဆိုးဘူးနော်"

"ရှောင်လဲ့ လာမှာလားမလာဘူးလား တစ်ခုခုပြော"

"မလာဘူး!"

——-

(၂)

"ကိုယ်ကြားတာ...ကျန်းဝေနဲ့စုန့်ဝေ ကွာရှင်းလိုက်ကြပြီတဲ့"

"အင်း" စုလဲ့ သူမလက်ထဲက ဖက်ရှင်မဂ္ဂဇင်းကိုလှန်လိုက်သည်။

"ကျန်းဝေ မင်းကိုဆက်သွယ်သေးလား?"

"နိုး" သူမ ခေါင်းတောင်မော့မကြည့်

"ဒီည ဘာစားချင်လဲ ကိုယ်လုပ်ပေးမယ်"

စုလဲ့ သက်ပြင်းချပြီး မဂ္ဂဇင်းကိုချလိုက်သည်။ ထိုလူရဲ့ ပါးကိုတချက်နမ်းလိုက်ကာ "ရှင်ကြိုက်တာသာချက်"

ထိုလူက ကျေနပ်စွာ မီးဖိုချောင်ထဲ ဝင်သွားတော့သည်။ထိုညက စားပွဲမှာ အရသာရှိတဲ့ ဟင်းပွဲတွေပြည့်လို့နေသည်။

ဒါမဲ့ နောက်ဆုံးကျ ဝေချုက ဖြုန်းတီးလို့ သူ့မိန်းမ ဆူတာခံလိုက်ရပြီး ခေါင်းလေးငုံ့ပြီးသား စားရတော့သည်။

——

(၃)

ချန်ယွဲ့က လက်ထပ်လိုက်ပြီး သတို့သားက ဝေချု့သူငယ်ချင်း ချန်ယုဒုံပင်

"ကျွန်မ မိသားစုဝင် ရှောင်ယွဲ့ယွဲ့ကို အဲ့လူက တခြားခံစားချက်တွေရှိနေတာ ကျွန်မ သိသားပဲ"

"အင်း" ဝေချုခေါင်းငြိမ့်ပြသည်။

"သူ့မှာ တခြားရည်ရွယ်ချက်တွေရှိနေတာပဲ စိတ်တိုဖို့ကောင်းလိုက်တာ"

တစ်ယောက်သောသူက ခေါင်းထပ်ငြိမ့်ပြန်သည်။

"အဲ့လူက မှီခိုရလို့လား?"

ဝေချု ခေါင်းငြိမ့်ပြပြန်သည်။

"သူ ဟင်းချက်နိုင်လား?"

ဝေချု ခေါင်းငြိမ့်တာ ရပ်သွားတော့သည်။

"သူ ပန်းကန်ဆေးနိုင်လို့လား?"

Hello Wife! (Mm translation)Onde as histórias ganham vida. Descobre agora