M-48

1.7K 174 0
                                    

အခန်း ၄၈ ဖိတ်ကြားမှု

"စိတ်အခြေအနေမကောင်းပုံပဲ" စုလဲ့က ဝေချုကားပေါ်ကဆင်းလာတာနဲ့ တစ်ခုခုလွဲနေမှန်းတန်းသိလိုက်သည်။ သူမမေးကိုထိကာ သေချာ "မဟုတ်မှလွဲရော....ဒေဝါလီခံလိုက်ရလို့လား?"

စုလဲ့စိတ်အခြေအနေက မနက်ကနဲ့တူတူပဲဆိုတာသိတော့ ဝေချု သက်ပြင်းတချက်ချလိုက်မိကာ "အင်း ဟုတ်တယ် ကိုယ် ဒေဝါလီခံလိုက်ရတာ ကိုယ့်စီမှာ ပိုက်ဆံတပြားမှမရှိတော့ဘူး"

"ကိစ္စမရှိပါဘူး ရှင့်မှာ ဗီလာတစ်ခုနဲ့ကားးတစ်စီးရှိသေးတာပဲ အဲ့ဒါမှမလုံလောက်သေးရင်လည်း ကျွန်မရှင့်ကိုတင်ကျွေးထားမယ်" စုလဲ့က ဝေချုကို ပြုံးပြလာကာ "အောင်မြင်တဲ့အမျိုးသားတွေက မိန်းမလှလေးတွေကိုပေးကမ်းရတာ ကြိုက်တယ်မလား ဆိုတော့ တခြားသူတွေ ကျွန်မကို အောင်မြင်တဲ့အမျိုးသမီးလို့မြင်အောင်လို့ ချောတဲ့ကောင်လေးတ်ယောက်လေးကို ပေးကမ်းရမှာ စိတ်ထဲမထားပါဘူး"

ဝေချု သူ့နေရာထပ်အဆင့်ကျသွားတာကို ခံစားလိုက်ရသည်။ 'ခပ်ချောချောကောင်လေး'ဆိုတဲ့နေရာကိုကျဆင်းသွားတာလေ သက်ပြင်းချလိုက်ကာ "အာ့ဆို ကျွန်တော့်ရဲ့ သခင်မ နေ့လည်စာစားဖို့ဘယ်များသွားချင်ပါသလဲ?"

"ဒီလိုကိစ္စသေးသေးလေးတွေကို မေးနေရလား ကြိုတင်ပြင်ဆင်ထားသင့်တာမဟုတ်ဘူးလား?" စုလဲ့က မေးကိုမော့ကာ သူ့ရဲ့ပူးပေါင်းပေးတဲ့သဘောထားကြောင့်တအားကိုကျေနပ်လို့နေသည်လေ

"မနေ့က ဟော့ပေါ့စားထားတော့ ဒီနေ့ အသားဟင်းစားကြတာပေါ့" ဝေချုက 'ကောင်ချောလေး' လို့အစခံရတာကိုစိတ်ထဲမထား ဘာလို့ဆို စုလဲ့က စိတ်ပျော်နေတယ်လေ ဘာပဲဖြစ်ဖြစ် ယောကျာ်းလေးတွေက သူတို့ကောင်မလေးပေးသမျှ နာမည်ပြောင်တွေ အကုန်ရကြတာပဲကို ပြီးတော့ 'ကောင်ချောလေး'ဆိုတာကလည်း ရုပ်ချောမှ အပြောခံရတာလေ ဆိုလိုချင်တာက စုလဲ့က သူ့သွင်ပြင်ကို သဘောကျတယ်ပေါ့ အနည်းဆုံးတော့ ကောင်မလေးက 'ဝက်' လို့ခေါ်တာထက်စာရင် 'ကောင်ချောလေး' လို့ခေါ်တာ ပိုနားထောင်ကောင်းတယ်မလား သူကျေနပ်သည်လေ

"မိန်းမတစ်ယောက်ရဲ့နှလုံးသားကိုလိုချင်ရင် သူ့အစာအိမ်ကိုအရင်ဖြည့်" ဆိုတာ မှန်တဲ့စကားပဲ ဝေချုက ဟင်းချက်စွမ်းရည်တင်ကောင်းတာမဟုတ်ဘူး ဘယ်စားသောက်ဆိုင်က ဘာကောင်းတယ်ဆိုတာလည်းအကုန်ရှာဖွေထားပြီးသား။ စီချွမ်းစားစရာဆို ဘယ်ဆိုင်က ကောင်းတယ် ပြီးတော့ ဘယ်စတိုးဆိုင်မှာ သိုးသားအကောင်းဆုံးလဲဆိုတာက အစ သိနေတာ

Hello Wife! (Mm translation)Where stories live. Discover now