M~43

2.2K 210 2
                                    

အခန်း ၄၃

ဟိုတယ်က တောင်ခြေမှာတည်ရှိပြီးတော့ သန့်ရှင်းမှုအလွန်ကောင်းတာကြောင့်စျေးကလည်း တော်တေော်လေးမြင့်သည်။ သူတို့ဧည့်သည်အများစုက ခရီးသွား ဧည့်သည်တွေသာ စုလဲ့တို့သူဌေးက ဝန်ထမ်းတိုင်းအတွက် တစ်ခန်းစီ ဘိုကင်ယူပေးထားတာကြောင့် တော်တော်လေးရက်ရောတဲ့သူပင် ဘော့စ်အပေါ်ထားတဲ့ စုလဲ့အမြင်တွေတောင် ပိုကောင်းလာသလိုပင်

မိုးက ပိုဆိုးလာတော့သည်။ စုလဲ့ ပြတင်းပေါက်မှာ ရပ်ပြီး ဒီပိတ်ရက်ကို ဟိုတယ်မှာပဲ အချိန်ဖြုန်းရတော့မည်ဟုတွေးနေမိသည်။ တောင်က ဘယ်လောက်လှလှ တစ်ယောက်ယောက်ခြေချော်ကျရင် တောင်ပေါ်က ဘုရားကို မဖူးရတောင် သိပ်မကြာခင် ဖူးလို့ရလောက်သည်လေ

ဒေါက် ဒေါက် တစ်ယောက်က တံခါးခေါက်လာခဲ့သည်။ စုလဲ့ တံခါးဖွင့်လိုက်တော့ ဝေချု အပြင်မှာရပ်နေတာကိုမြင်လိုက်ရသည်။ ခုနက ဝတ်ထားတာထက် ပိုပြီး သက်သောင့်သက်သာရှိတဲ့ဝတ်စုံကိုဝတ်ဆင်ထားတာပင် စုလဲ့ သူ့ကိုကြည့်လိုက်တော့ သူက သူမကိုပြုံးပြလို့နေသည်။ ဒီချိန် သူ့ပုံစံ တကယ့်ကိုဆွဲဆောင်မှုရှိလို့နေသည်လေ

"အနီးနားမှာ စားကောင်းတဲ့ ဟော့ပေါ့ဆိုင်တစ်ဆိုင်ရှိတယ်ကြားတယ် လူတိုင်း အဲ့ကိုသွားဖို့ပြင်နေကြတယ်" ဝေချုက စုလဲ့အမူအရာကို အကဲခတ်နေကာ သူမကြည့်ရတာ ခုနက ဘတ်စ်ကားပေါ်မှာလောက် ပင်ပန်းတဲ့ပုံမပေါ်တော့ "နားပြီးပြီလား?" ပြောပြီးတာနဲ့ စုလဲ့လက်ကိုကိုင်လာသလို စုလဲ့ကလည်း လက်ပြန်မရုတ်ခဲ့

————

ဟော့ပေါ့ဆိုင်က သိပ်မဝေးတာကြောင့် ကားမောင်းသွားဖို့ မသင့်တော် ဆိုတော့ လူတိုင်း ထီးတစ်ချောင်းယူကာ အပြင်ကို စထွက်ကြတော့သည်။ မိုးရေတွေက ထီးကို လာရိုက်ခတ်လို့နေသည်။

ရှေ့မှာ အမျိုးသားနဲ့အမျိုးသမီးတစ်ယောက်က ထီးတစ်ချောင်းကိုတူတူဆောင်းနေကာ သူတို့စုံတွဲက လူတိုင်းရဲ့အာရုံကို ဆွဲဆောင်ထားသည်။ ထီးလေးတစ်ချောင်းတူတူဆောင်တာတောင် ဆွဲဆောင်မှုရှိနေတာ ထီးကလည်း ကြုံရာဆိုင်ကနေ ဝယ်လာတာကိုနော်

Hello Wife! (Mm translation)Where stories live. Discover now