M-16

2.7K 294 7
                                    

အခန်း ၁၆

ဝေချုရဲ့ စိတ်အားထက်သန်မှုက စုလဲ့ကို ရှက်နေစေခဲ့တာပဲ လုပ်ငန်းပါတီပွဲတုန်းက သူမ သူ့ကို ကူညိခဲ့လို့ ပြန်ကူညီတာဆိုပေမယ့်ပေါ့

အရင်က ဝေချုကို နားမလည်ခဲ့ပေမယ့် တခြားလူတွေဆီက ကြားသလောက်ဆို ဝေချုက လူတွေကို ကူညိတတ်တဲ့ လူတဲ့

လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကသာဆို ဝေချုက သူမကို စိတ်ဝင်စားနေတယ်ထင်မိမှာ ဒါမဲ့ အကုန်သေချာ ရှင်းသွားပြီလေ သူမက သူ့အတွက် ဂျုနီယာညီမလေးပဲ

ခုတလော သူငယ်ချင်းဆီမှာ နေတာထက် နေစရာငှါးတာက ပိုဒုက္ခများတယ်လေ ပြီးတော့ တစ်ယောက်တည်းနေတာဆိုတော့ သေချာဆုံးဖြတ်မှဖြစ်မှာ

စုလဲ့ သူပြောတာကို ချက်ချင်းမငြင်းတာမြင်တော့ ဝေချု အခွင့်ရေးရှိသေးသည်ဟု ခံစားလိုက်ရသည်။

"လောင်တ​ လောင်တပြောနေတာ အဲ့ဒီ အခန်းနှစ်ခန်းပါတဲ့ ၈၀ စတုရန်းမီတာခန်းလား?"  ချန်ရှုက အံဩသွားသလိုနဲ့ "အဲ့တိုက်ခန်းက ခုထိလွတ်နေတုန်းလား တစ်နှစ်လောက်တောင်ရှိနေပြီ ခုဆို ပင့်ကူမျှင်တွေကြည့်ပဲနေမှာ" ဝေချု အတွင်းရေးမှုးဖြစ်တဲ့အလျောက် သူ့အမြင်နဲ့ တုံ့ပြန်မှုက ကောင်းမွန်လှသည်လေ

ဝေချု ချန်ရှုကို မျက်လုံးထဲမှာချီးကျုးနေတဲ့အရိပ်အယောင်တွေနဲ့ "အလုပ်တအားများလို့မေ့တောင်နေပြီ"

"စုလဲ့ တိုက်ခန်းရှိနေမှတော့  အခုသွားရှာမနေပါနဲ့တော ပြီးတော့ တိုက်ခန်းငှါးရတာက အလုပ်ရှုပ်တယ် ဝေချုတိုက်ခန်းနဲ့လည်း သိပ်မဝေးတော့ ဓာတ်လှေကားပျက်ရင် သူ့ကိုပစ္စည်းကူသယ်ခိုင်းလို့ရတယ်လေ ဘာပဲဖြစ်ဖြစ် အနားမှာ သိတဲ့သူ တစ်ယောက်ယောက်ရှိတာ ကောင်းတာပေါ့" တန်ယောင်က လက်ဖက်ရည်ခွက်ကို မရင် ဆက်ပြောသည်။ "ငါတို့ အားလုံးလည်း သိနေကြမှတော့ အားနာနေစရာလည်းမလိုဘူး"

အစက တန်ယောင်က ဝေချု စုလဲ့ကိုလိုက်တာ အဆင်ပြေတယ်ထင််နေတာ အခုတော့ ဝေချုက သူမ ရင်ထဲ သိပ်နေရာမရသလိုပင်

တန်ယောင်ပြောတာ ကျိုးကြောင်းသင့်တယ်လို့ စုလဲ့ခံစားရကာ "အာ့ဆို စီနီယာဝေကို အရင်ကျေးဇူးတင်ထားပါ့မယ် နောက်အပတ်လောက်ပြောင်းဖြစ်မယ်ထင်တယ် အဆင်ပြေနိုင်မလား?"

Hello Wife! (Mm translation)Where stories live. Discover now