M-26.2

2.1K 215 2
                                    

စုလဲ့လှောင်တဲ့လေသံကိုကြားတော့ ဝေချု စိတ်ထဲမထား ဘာလို့လဲဆိုတော့ 'အထက်တန်းစား' ဆိုတဲ့ပုံရိပ်မျိုးက သူ့အတွက်ဘာအဓိပ္ပာယ်မှမရှိဘူးလေ ပြီးတော့ သူလည်း သူများတွေနဲ့တူတူပဲလေ ကြောက်တယ်တတ် စိုးရိမ်တတ်တယ်လေ

"သူတို့ကိုမယုံတာအကောင်းဆုံးပဲ" ဝေချုက ပြုံးလိုက်သည်။ တော်တော်ကြာမောင်းလာပြီးတော့ သူတို့ လမမ်းပိတ်မှုနဲ့ကြုံကာ ကားတန်းအရှည်ကြိီးမှာ ရပ်နေကြတော့သည်။ တ်ောတ်ောကြာမေးမြန်းပြီးမှ သိလိုက်တာက ပစ္စည်းပို့တဲ့ ထရပ်ကားမှာ ပြသာနာဖြစ်နေတာပင် လမ်းပေါ်မှာ ကားချော်ပြီး ပစ္စည်းတွေအကုန်ပြုတ်ကျကာ လမ်းကိုပိတ်နေတာပင် ကားသမားကလည်း ကားထဲမှာပိတ်မိနေဆဲဖြစ်တာကြောင့် လက်ရှိပြသာနာကိုဖြေရှင်းဖို့ မီးသတ်သမားတွေအကောင်းဆုံးကြိုးစားလို့နေသည်။

စုလဲ့ တချို့ကားသမားတွေ ကားပေါ်ကဆင်းပြီး သွားကြည့်နေကြတာ မြင်တော့ သူမ မုန့်အချိ့တချို့ထုတ်ကာ ဝေချုကိုပေးလိုက်ပြီး "လမ်းက ခနလောက်ပိတ်နေဦးမယ်ထင်တယ် စောင့်ရင်း မုန့်စားကြတာပေါ့" သူမပြောပြီးတာနဲ့ တစ်ခုဖွင့်ပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်တော့သည်။

ဝေချုလည်း သူမအတိုင်း တစ်ခုထုတ်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ တော်တော်လေးချိုတဲ့ နို့အရသာဆိုတာကိုသူသိလိုက်ရသည်။ အချိုတွေ မကြိုက်ပေမယ့် စုလဲ့ပေးတာကြောာင့် သူမငြင်းချင် အခုလည်းစားနေပြီလေ အရသာကလည်းတအားဆိုးနေတာမှမဟုတ်တာပဲ

"မနက်ဖန်အတွက် ဘာအစီစဉ်ရှိလဲ?" ဝေချုက စတီယာရင်ကို ထိရင်း "မနက်ဖြန်ကျ ကိုယ်ကုမ္ပဏီက စီနီယာမန်နေဂျာတွေ အကင်စားကြမှာ မင်းလည်းလာသင့်တယ်"

စုလဲ့ ဝေချုကုမ္ပဏီနဲ့ ပူးပေါင်းမှုအကြောင်းတွေးမိကာ ခေါင်းငြိမ့်ပြပြီး "အကင်ဆိုမှတော့ လာရမှာပေါ့"

"ကိုယ့်ကုမ္ပဏီက နေရာတစ်ခုငှါးထားတယ် မင်းစားချင်ရင် မင်းကိုယ်တိုင်ကင်ရမှာ တကယ်လို့ ဘယ်လိုလုပ်ရမလဲမသိရင်သူများတွေစားတာကိုပဲ ထိုင်ကြည့်နေရလိမ့်မယ်" ဝေချု စုလဲ့ကိုပြုံးပြကာဆိုသည်။

Hello Wife! (Mm translation)Where stories live. Discover now