M-61

2.6K 178 0
                                    

အခန်း ၆၁ နိဂုံး

——-

စုလဲ့ဆိုတဲ့ အတန်းဖော်လေးကိုစတွေ့တဲ့ အချိန်က ကျောင်းသာားသစ်တွေအတွက် ပထမဆုံးကျောင်းစတက်တဲ့နေ့မှာပင် ကျောင်းသားကောင်စီရဲ့ ဥက္ကဌအနေနဲ့ သူကကျောင်းသားကောင်စီရဲ့ကျန်တဲ့အဖွဲ့ဝင်တွေနဲ့အတူကျောင်းသားသစ်တွေကို ကြိုဆိုရသည်​လေ

အဲ့နေမှာပဲ သူ ကျောင်းသားသစ်တွေကိုလက်ခံဖို့ တွေ့မယ့်နေရာကို အမြန်သွားနေခဲ့တာ  ခရီးဆောင်အိတ်တစ်လု့းနဲ့ရပ်နေတဲ့ ဆံပင်ရှည်ရှည်ကောင်မလေးကိုတစ်ယောက်ကိုတွေ့လိုက်ရသည်။ မိဘလည်းမရှိသလို ဆွေမျိုးရယ်လည်းမပါ ဆိုတော့ သူသွားပြီး သူမခရီးဆောင်အိတ်ကိုသယ်ကူပေးလိုက်ပြီး ဘယ်အဆောင်မှာနေတာလဲ ဟုမေးမြန်းကာ ကျောင်းဝင်တဲ့အခါ လုပ်ဆောင်ရမယ့်အဆင့်ဆင့်ကိုလည်းပြောပြလိုက်သည်။

ထိုတချိန်လုံး ထိုကျောင်းသူလေးက သူပြောတာကိုသာနားထောင်နေခဲ့သည်။ သူမကအရင်နှစ်က ကျောင်းသားသစ်တွေနဲ့မတူ သူနဲ့နီးကပ်ဖို့မကြိုးစားသလို သူက ကျောင်းသားကောင်စီ ဥက္ကဌဆိုတာသိပြီး သူ့ဖုန်းနံပါတ်ကိုမေးတာမျိုးလည်းမရှိ ထိုအစား သူ့ကိုသာကြည့်နေပြီး သူ့နောက်ကိုပဲ တိတ်တိတ်လေးလိုက်နေခဲ့တာ

ဒါမဲ့ တက္ကသိုလ်ကနေ ပြသာနာတစ်ခုပေါ်လာတယ်လို့ဘယ်သူကထင်မှာလဲ

ဆိုတော့ ဥက္ကဌဖြစ်တဲ့သူက ခရီးဆောင်အိတ်နဲ့ ဂျုနီယာလေးကို လမ်းတဝက်မှာပစ်ထားခဲ့ရတော့သည်။ သူအမြန်သွားလိုက်ရတာကြောင့် တခြားကျောင်းသားကိုလမ်းပြခိုင်းဖို့လည်းမေ့သွားတော့သည်။ ညကျ အိပ်ရာထဲလှဲတော့မှသာ ကျောင်းသားသစ်ကိုလမ်းတဝက်မှာတစ်ယောက်တည်းပစ်ထားခဲ့တယ်ဆိုတာ သတိရတော့သည်လေ

———

နောက်တစ်ကြိမ် ထိုကောင်မလေးကိုတွေ့တာကတော့ ကျောင်းသားကောင်စီ PR ဌာနက ရုံးခန်းထဲမှာပင် ရုံးခန်းကလွတ်နေပြီး ထိုကျောင်းသူလေးသာရှိတာပင် သူမက စားပွဲကိုမှီပြီး နောက်ခံအတွက် ဘုတ်အသစ်တွေပေါ်မှာ စက္ကူကပ်ကာ ဘောင်ဆွဲပြီး ဘုတ်တွေကို ခွဲလို့နေသည်။ သူမ ဘေးမှာတစ်ခုခုဆွဲနေသလိုပင်

Hello Wife! (Mm translation)Where stories live. Discover now