M-9

3.2K 312 3
                                    

အခန်း ၉ အတွေးလွန်?

သူမကောင်မလေးကိုဖြတ်ခုတ်သွားတဲ့လူနဲ့ သူမရဲ့ ရည်းစားဟောင်းက ရှေ့က ထိုင်နေတာတောင် စုလဲ့က ဂရုမစိုက်သလို အမူအရာ ရဲနေတဲ့ ပါးတွေက သူမ လက်ရှိအခြေအနေက ဘယ်လောက်တောင်ကောင်းမွန်နေသလဲ​ဆိုတာ ပြနေတာပင် မျက်ရည် ဒေါသ သရုပ်ဆောင်တာ မရှိဘဲ သူမတကယ်အဆင်ပြေနေတယ်ဆိုတာ ပြနေတာ ဆိုတော့ စုလဲ့ မျက်နှာချင်းဆိုင်က လူနှစ်ယောက်က အဆင်မပြေတော့

ပြီးတော့ စနှိုက်ကြော် အနေနဲ့ ဒီလို မိန်းမမျိုးကို မြင်ရတာ သူ့အနေအထားက ပိုပိုမှေးမှိန်လာရောလေ

ရည်းစားဟောင်းကတော့ သူက သူမ ရင်ထဲ ဘာမှအရေးမပါဘူးဆိုတာ ဖော်ပြခံနေရသယောင်

"စုလဲ့ မင်း ခုတလော ကောင်းကောင်းနေနေပုံပဲ" ကျန်းဝေက ပါးစပ်ထဲက အမဲသား ပြား သေးသေးလေး အားနဲ့ထည့်ရင်း ဆိုသည်။ ခါးသက်တဲ့ အရသာ ပါးစပ်ထဲ ကျန်ခဲ့သလိုမျိုး ဖော်ပြလို့တောင် မရတဲ့ ခါးသက်မှုမျိုး "ငါမင်းနဲ့ပက်သက်ပြီး အထင်မှားခဲ့တာပဲ"

စုလဲ့က သူမ ပန်းကန်ထဲ ငါးပေါင်းထည့်ရင်း ဒီလူဘာတွေးနေမှန်း နားကိုမလည်တော့ ပြီးတော့ သူက ဖောက်ပြန်ပြီးတော့ အခု သူမကောင်းကောင်းနေနေတာကိုလည်း မကျေနပ်ပြန်ဘူး ဘာလဲ စွန့်ပစ်ခံရတဲ့မိန်းမတွေက ငိုကို ငိုသင့်တာလား သူ့ကို အရှက်မရှိ လိုက်တွယ်ကပ်သင့်တာလား  ဒီလို ဇာတ်တွေက ခပ်တုံးတုံး ဇာတ်ကားတွေထဲမှာပဲ​ပါတာ ယောကျ်ားတွေကို မိန်းမတွေက သူတို့အတွက်ဘာမဆိုလုပ်ပေးနိုင်ပါတယ် သူတို့ မရှိရင် အဲ့မိန်းမတွေရဲ့ ကမ္ဘာကြီးက မှောင်မိုက် ပျက်စီးတော့မယ်ဆိုတာမျိုးလေ

ဒေါသထွက်လာပေမယ့် လင်းချီ အမူအရာကို ကြည့်လိုက်ချိန် ချက်ချင်း ဒေါသပျောက်သွားတာပဲ ငါးကို ဖြည်းဖြည်းချင်းယူစားပြီးမျ ပါးစပ်ကို သုတ်ပြီး "ငါတို့က သူငယ်ချင်းတွေပဲ ပြီးတော့ လင်းချီလို မိန်းမကောင်းလေးကို နင်တွေ့ထားမှတော့ ဒါနင့်ကံပေါ့ ဆိုတော့ ငါသေချာပေါက် ကောင်းကောင်းနေရမှာပေါ့"

တခါတလေ​ "ကံကြမ္မာက ဖန်ဆင်းပေးလိုက်တဲ့" အတွဲဆိုတာက ပိုပြီး သိက္ခာချလိုက်သလို ဖြစ်တတ်သည်။ လေသံကပေါ့ မဟုတ်တောင် အနည်းဆုံးတော့ လင်းချီနဲ့ ကျန်းဝေ မျက်နှာထားက ပိုဆိုးသွားတယ်လေ

Hello Wife! (Mm translation)Where stories live. Discover now