M~41

2.1K 212 1
                                    

အခန်း ၄၁ အချစ်ပြိုင်ဘက်တွေတွေ့ဆုံခြင်း

Miss တန်?

စုလဲ့ ခနလေက်ကြောင်သွားပြီးမှ Miss တန်တဆိုတာ ကုမ္ပဏီရဲ့ ဧည့်သည်တစ်ယောက်ဖြစ်မည်ဟုတွေးလိုက်မိသည်။ လက်ထောက်အသစ်လေးအနေနဲ့ စုလဲ့ ပါးနပ်စွာ ဘာမှမပြောခဲ့ ရုံးခန်းထဲကနေ ထွက်လာချိန်မှာပဲ သူမ မထင်ထားတဲ့လူနဲ့တွေ့လိုက်ရတော့သည်။

တန်ဝေကလည်း သူမရဲ့အချစ်ပြိုင်ဘက်က ပူးပေါင်းဖို့လုပ်ထားတဲ့ကုမ္ပဏီကဝန်ထမ်းတစ်ယောက်ဖြစ်နေမယ်မထင်ထား

"ဟဲလို" စုလဲ့က တန်ဝေကိုနှုတ်ဆက်လိုက်သသည်။ "အထွေထွေ မန်နေဂျာက သူ့ရုံးခန်းထဲမှာပါ ဝင်သွားလိုက်ပါ"

"ကျေးဇူး" တန်ဝေက စုလဲ့ကိုခေါင်းငြိမ့်ပြပြီး အထွေထွေ မန်နေဂျာရုံးခန်းထဲ ဝင်သွားလိုက်သည်။

"စုလဲ့ နင်အဲ့ဒီတစ်ယောက်ကိုသိလား?" ပြန်ဖို့ပြင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူမနဲ့ဆုံတော့ အသံတိုးတိုးနဲ့မေးလာသည်။ "အဲ့တစ်ယောက်က တအားလှတာပဲ"

"တစ်ခါလောက်ဆုံဖူးတာပါ" စုလဲ့က ပြုံးကာလုပ်ဖော်ကိုင်ဖက် ပုခုံးကိုပုတ်ပြီး "အလုပ်ပြီးပြီဆို လာဝေ့မနေနဲ့တော့ အချိန်ပိုဆင်းရတာ ဘာမှမကောင်းဘူး"

"တခြားသူတွေရဲ့နာကျင်မှုကိုကြည့်ရတာကို သဘောကျလို့ပါ" ထိုလုပ်ဖော်ကိုင်ဖက်က စုလဲ့ကိုနှုတ်ဆက်လိုက်သည်။စုလဲ့က ကုမ္ပဏီရောက်တာ ၃ လတောင်မပြည့်သေးဘဲ အထွေထွေ မန်နေဂျာလက်ထောက်အဖြစ် ရာထူးတိုးခံရသည်လေ ဒီလို ရာထူးတိုးတာက စုလဲ့ကတော်နေတာကြောင့် မကျေနပ်တဲ့သူသိပ်မရှိလိုက် ဆိုတော့ လုပ်ဖော်ကိုင်ဖက်တွေက စုလဲ့အပေါ်ဖော််ရွေကြသည်လေ

စုလဲ့ ရုံးခန်းကိုပြန်ရောက်တော့ စာရွက်စာတမ်းတွေပြန်လုပ်လိုက်သည်။ တစ်နာရီက အမြန်ကုန်သွားကာ အိမ်ပြန်ချိန်တောင်ရောက်လာပြီပင် ဆိုတော့ သူမလည်းပစ္စည်းတွေထုတ်ပိုးကာ ပြန်ဖို့ပြင်သည်။

အဆောက်ဦးဝင်ပေါက်ကို ခြေချလိုက်ချိန်မှာပဲ တန်ဝေကိုတွေ့လိုက်ရသည်။ သူမလည်း ထိုမိန်းမလှလေးကိုယဉ်ကျေးစွာပြုံးပြလိုက်သည်။

Hello Wife! (Mm translation)Where stories live. Discover now