Ep 7 🐱🐾 (Non'POV)

338 39 11
                                    

"နင်တော့မသိဘူး အနွန်း ရယ် ငါဖြင့်နေရခက်လိုက်တာ"

Paewရဲ့စကားကိုကြားတော့ Nanonကနှာခေါင်းလုံးလုံးလေးကို ရှုံ့ပြပြီး ပြန်ပြောတယ်။

"ငါက ပိုတောင်ဆိုးသေးတယ်"

"အေးနော် P'Ohm နဲ့ P'Tharn က ဘာလို့နင့်ကိုအာရုံစိုက်နေကြတာလဲ မသိဘူး
P'Ohm ကထားပါတော့ P'Tharnက
ဒီနေ့မှစရောက်တာကို နင့်ကိုတန်းသတိထားမိသွားတယ်

P'Ohm အကြောင်းကြားလိုက်တော့ နွန်ရဲ့ ပြုံးစိစိနဲံနီရဲသွားတဲ့ မျက်နှာကို Paew ကတွေ့ဖြစ်အောင်တွေ့လိုက်ပါတယ်။

"အဟမ်းဟမ်း နွန် နင်ကပြုံးစိစိလုပ်နေသေးတယ်
ငါက ကြားထဲကနေ P'Ohm ကို အားနာနေတာ

"နင်သူ့အအေးယူလိုက်တယ်မို့လား အားနာစရာမလိုပါဘူး"

"ဟယ် ဒါပေမယ့်သူကနင့်ကိုသောက်စေချင်တာလေ"

"သိဘူး ထားလိုက်တော့ ငါ့ကိုအဲ့ထောပတ်သီးဖျော်ရည် နည်းနည်းတိုက်"

Paewလက်ထဲက P'Ohmပေးသွားတဲ့ထောပတ်သီးဖျော်ရည်ကို Nanonကခုမှလုသောက်နေတယ်။

Paewသိတာပေါ့...Nanon ထောပတ်သီးဖျော်ရည်ကြိုက်ရဲ့သားနဲ့ကို
P'Ohmကိုငြင်းလိုက်တာ။
နွန်က တကယ့်လူဆိုးကောင်လေး
P'Ohmကိုဆို ဘာလို့အမြင်ကတ်နေသလဲကို Paewနားမလည်တော့ပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~

"ဟူး ပင်ပန်းလိုက်တာ"

စာမေးပွဲသုံးရက်ဆက်တိုက်ဖြေပြီး
ခုမှပဲ Nanonနားရတော့တယ်။
အိပ်ခန်းထဲက နွန်အကြိုက်ဆုံးအိပ်ရာလေးပေါ်မှာ
ခြေပစ်လက်ပစ်လှဲချလိုက်မှ အကြောတွေပြေသွားတာပဲ။

အနားယူဖို့စဉ်းစားရင်း ဖုန်းကိုကိုင်လိုက်မိတော့
စာမေးပွဲတွင်းမို့ မသုံးဖြစ်တာကြာတဲ့
Instagram accလေးက Notiတွေများကြီးတက်နေတာတွေ့လိုက်ရတယ်။

" Followerတွေတက်နေတာပဲ"

ဘယ်သူတွေက Non accလေးကို လာfollowသလဲလိုက်ကြည့်နေရင်း
တစ်နေရာအရောက်မှာ တစ်စုံတစ်ခုကိုတွေ့လိုက်တော့
အိပ်နေရာကနေထထိုင်လိုက်မိတယ်။

"ရှီးယား...Mr.Ohmpawat"

P'Ohmရဲ့ IG accက Nonကို follow request ပို့ထားတာ။
အကောင့်နာမည်က Mr.OhmPawatတဲ့ ဘယ်လိုကြီးလဲ
Nanonကြိတ်ရယ်မိသေးတယ်။

𝙈𝙮 𝘿𝙚𝙖𝙧 𝙈𝙚𝙤𝙬 𝙈𝙚𝙤𝙬 🐱🐾Where stories live. Discover now