Ep 4 🐱🐾

463 56 15
                                    

Unicode

Nanonတို့ဂျူနီယာတွေ အားလုံးရှေ့မှာ
စီနီယာငါးယောက်လောက်က မတ်တပ်ရပ်နေကြတာ
အဲ့ဒီငါးယောက်ထဲမှာ P Ohmလည်း အပါအဝင်ပေါ့...

အထက်တန်းနောက်ဆုံးနှစ်မှာ
အခန်း ၁ ကနေ ၅ ထိရှိတော့ တစ်ခန်းစီက
အတန်းခေါင်းဆောင် တစ်ယောက်စီဖြစ်လိမ့်မယ်လို့ Nanonခန့်မှန်းမိတယ်။

ကျောင်းကောင်စီအတွင်းရေးမှုး ရွေးပွဲတဲ့...

အရင်အတွင်းရေးမှူးက ကျောင်းပြီးသွားလို့
အသစ်ထပ်ရွေးတာမျိုးလို့ ကျောင်းကောင်စီဥက္ကဌက
Nanonတို့ကိုရှင်းပြထားတယ်။

အခန်းထဲမှာ လူတွေစုံလို့
ဆရာဆရာမတွေအားလုံးနီးပါးလည်းရောက်နေကြပြီ။
ခဏနေရင် Nanonတို့ ဂျူနီယာလေးတွေက
စီနီယာတွေထဲကတစ်ယောက်ကိုရွေးပြီး မဲပေးရတော့မှာ...

ရွေးခံရမယ့် ငါးယောက်က တစ်ယောက်ချင်းစီ
မိတ်ဆက်ပြီး သူတို့လုပ်နိုင်တဲ့အရာတွေ၊
သူတို့ကိုဘာလို့မဲပေးသင့်ကြောင်း စသဖြင့်ပြောပြီး တစ်လှည့်စီမဲဆွယ်နေကြတာပေါ့။
အခန်း (၄)ကိုယ်စားပြုဖြစ်တဲ့ P'Ohmကတော့
လေးယောက်မြောက်အလှည့်မှာ စကားပြောရတယ်။

Ohmကိုအမြင်ကတ်ပေမယ့် သူ့အလှည့်အရောက်မှာ Nanonသေချာအာရုံစိုက်နားထောင်နေမိပြန်ရော...
အဲ့လိုနားထောင်တာ Nanonတစ်ယောက်ပဲဆိုမှားလိမ့်မယ်
အားလုံးက အာရုံစိုက်နေကြလို့ Ohmပြောတဲ့အချိန်ဆို တစ်ခန်းလုံးက ငြိမ်လို့...

"P' အရင်ကရန်တွေဖြစ်ပြီး ဆိုးချင်တိုင်းဆိုးခဲ့ပေမယ့် ကျောင်းနဲ့ပတ်သက်လာရင် တာဝန်ကျေတာကို Nongတို့သိကြမှာပါ... သာမန်ကိစ္စနဲ့လည်း ရန်မဖြစ်တော့ဘူးလို့ ဆုံးဖြတ်ထားပါတယ် ကျောင်းကိုထိလာရင်တော့ ငြိမ်ခံနေမှာမဟုတ်ဘူးပေါ့နော်။ အတတ်နိုင်ဆုံးကြိုးစားပြီး ကျောင်းအတွက် ဂျူနီယာလေးတွေအတွက် ခေါင်းဆောင်ပီသတဲ့ စီနီယာဖြစ်အောင်ကြိုးစားမှာပါ"

Ohmပြောတဲ့စကားတွေကို  မိန်းကလေးတွေမပြောနဲ့
ယောကျင်္ားလေးတွေကပါ အားကျတဲ့မျက်လုံးတွေနဲ့
ချီးကျုးထောပနာပြုကြတယ်။

"ဟွန့်...အပြောကတော့ကောင်းပါ့။
လူတွေက သူ့ဆိုရင်ကို ဘယ်လိုကျနေကြမှန်းမသိ...
​ပြုများပြုစားတတ်လားမသိဘူး။"

𝙈𝙮 𝘿𝙚𝙖𝙧 𝙈𝙚𝙤𝙬 𝙈𝙚𝙤𝙬 🐱🐾Tahanan ng mga kuwento. Tumuklas ngayon