Ep 1 🐾🐱

594 60 12
                                    

Unicode ~

ကျောင်းဝန်းထဲကို မောင်းဝင်လာတဲ့ကားတစ်စီး။

ကားရပ်လိုက်တာနဲ့ ကားပေါ်ကဆင်းလာတဲ့သူက
လွယ်အိတ်ကို ကြိုးကနေကိုင်ပြီးပုခုံးတစ်ဖက်မှာတင်ကာ
ပတ်ဝန်းကျင်ကိုဘာမှဂရုမစိုက်တဲ့ပုံစံနဲ့
လျှောက်လာတယ်။

​ဝတ်ထားတဲ့အပေါ်အင်္ကျီဖြူဖြူမှာ ကြယ်သီးနှစ်လုံးက
အမြဲပြုတ်နေလေ့ရှိတယ်...
ဖြုတ်ထားတယ်ဆိုရင်တော့ ပိုမှန်မယ်ထင်တယ်။
ရှေ့ဆံပင်ခပ်အုပ်အုပ်က မျက်လုံးပေါ်ထိဝဲကျနေပြီး
စူးရှရှကြည့်တတ်တဲ့ မျက်လုံးဝိုင်းတွေကိုအုပ်မိုးလုနီးနီး။

"ဟေ့ကောင် မင်းကားမောင်းတတ်ရဲ့သားနဲ့ ဘာလို့ကားကိုကိုယ်တိုင်မောင်းမလာတာလဲ"

Ohm ကျောင်းထဲကိုရောက်တာနဲ့ အသင့်စောင့်နေတဲ့
သူငယ်ချင်းနှစ်ယောက်ကိုတန်းတွေ့တယ်။
Markရဲ့အမေးကိုမဖြေခင်
အောက်နှုတ်ခမ်းကိုရှေ့ကိုအနည်းငယ်ထုတ်လိုကိပြီး
ရှေ့ဆံပင်တွေလေထဲလွင့်သွားတဲ့အထိလေပူတွေကိုအပေါ်ကိုမှုတ်ထုတ်လိုက်တယ်။

"ဖူး.... ငါ့ Phaw ပေါ့ကွာ လိုင်စင်မရှိသေးလို့ကားမမောင်းရဘူးဆိုပြီး ဒရိုငိဘာအတင်းထည့်ပေးလိုက်တာကွာ ငါကတော့လစ်ရင်လစ်သလို ခိုးမောင်းတာပဲ"

"အေး မင်းဒရိုင်ဘာကို ပထုတ်လိုက်ကွာ ဒါမှကျောင်းဆင်းရင် သွားချင်တဲ့နေရာသွားလို့ရမှာ"

ကျောင်းဝန်းထဲက လူတချို့ရဲ့အာရုံဟာ
သူတို့သုံးယောက်ဆီမှာ...။
ဝိုင်းကြည့်နေကြသူအများစုကတော့
မိန်းကလေးတွေပေါ့...
အဲ့ထဲမှာမှ အာရုံအစိုက်ခံရဆုံးကို
မဲခွဲလိုက်ရင်တော့ Ohm Pawatလို့ပြောရလိမ့်မယ်။

ပေါ်တင်ကြည့်သူကကြည့်...
ခိုးခိုးကြည့်တဲ့သူကကြည့်...
Ohmနဲ့များအကြည့်ချင်းဆုံလိုက်ရရင်
ပျော်တဲ့သူကပျော်ပေါ့။

Mama,I'm in love with a criminalဆိုတဲ့ သီချင်းမျိုးနဲ့
စိတ်ကူးယဉ်ချင်မိကြတဲ့သူတွေက တစ်ဖွဲ့...။

ခပ်ချေချေအကြည့်မျိုးနဲ့ ဆိုးပေနေတာကိုက
သူတို့အတွက် attractiveဖြစ်နေတာမျိုး။

𝙈𝙮 𝘿𝙚𝙖𝙧 𝙈𝙚𝙤𝙬 𝙈𝙚𝙤𝙬 🐱🐾Where stories live. Discover now