Ep 5 🐱🐾

480 50 20
                                    

Unicode

"ကယ်ကြပါဦး နွန့်ကိုပြန်ပေးဆွဲလာလို့"

အရင်ဆုံး Ohmလုပ်ရမှာက ကားမှန်ကိုထုပြီး အော်နေတဲ့ကလေးတစ်ယောက်ကို အရင်ထိန်းရမှာ။

"ဟိတ် နွန်...နွန် စိတ်အေး​အေးထားပါဦး။ P'က နွန်းကိုပြန်ပေးဆွဲလာတာမဟုတ်ဘူး"

Ohmစကားကြောင့် ထုနေတဲ့လက်ကလေးတွေရပ်သွားကာမျက်လုံးပေကလပ်ပေကလပ်နဲ့ လှည့်ကြည့်ပြီးမေးလာသည်။

"ဒါဆိုဘာလို့ အိမ်ကိုခေါ်လာတာလဲလို့"

"ကိုယ်ကလိပ်စာမှမသိတာ ဘယ်လိုလိုက်ပို့ပေးရမှာလဲ
မြောင်လုံးက အိပ်ပျော်နေတော့ နှိုးပြီးမမေးချင်လို့
ကိုယ့်အိမ်ကိုပဲခေါ်လာလိုက်တာလေ"

"ဪ ဟုတ်လား...နွန် နားလည်မှုလွဲသွားတယ် ဟဲ"
Nanonက ရှက်ရမ်းရမ်းပြီး သူ့သွားဖြူဖြူတွေနဲ့ ဖြီးပြနေပြန်တယ်။ ပြီးတော့ဆက်ပြောတယ်

"ဒါဆို ခုနွန့်အိမ်ကိုလိုက်ပို့ပေးတော့မှာပေါ့နော်...နွန် လမ်းညွှန်မယ်လေ"

"ချက်ချင်းကြီးလား ကိုယ့်အိမ်ထိရောက်လက်စနဲ့ အိမ်ထဲဝင်ဦးလေ"

"ဟို မဝင်တော့ပါဘူး...နွန်နောက်ကျရင်လေ မေမေကဆူမှာ."
နှာခေါင်းလုံးလုံးလေးကို ရှုံ့ပြီးညည်းတွားနေတဲ့
Nanonဆိုတဲ့ကောင်လေးက တကယ့်ကိုကလေးပေါက်စ။

"ခဏလေးပါပဲ... ဒူးကိုဆေးထည့်ပြီးရင် လိုက်ပို့ပေးမှာ"

"အာ ရတယ်ရတယ် အိမ်ရောက်မှပဲ နွန့်ဘာသာ..."

"မဆင်းရင် အိမ်ကိုလိုက်မပို့ပေးတော့ဘူးနော် တစ်ယောက်တည်းလမ်းလျှောက်ပြန်ခိုင်းလိုက်မှာ"

ကားပေါ်ကဆင်းပြီးအိမ်ထဲခဏဝင်ဖို့ကိုငြင်းနေတဲ့
ကြောင်လေးကို ဒီလိုနည်းနဲ့ခြိမ်းခြောက်မှပဲရတော့မယ်။

"အဲ့လိုလုပ်လို့မရဘူးလေ...အဝေးကြီးကို"

"အဲ့တာဆို ကိုယ့်စကားနားထောင်ဟုတ်ပြီလား
းအိမ်ပြန်ရောက်လို့ နွန့်မေမေကလည်း ခြေထောက်မှာဒဏ်ရာနဲ့တွေ့ရင် ဘယ်စိတ်ကောင်းမလဲ...မြောင်လုံးက လိမ္မာပါတယ် ကဲ ဆင်းရအောင်"

𝙈𝙮 𝘿𝙚𝙖𝙧 𝙈𝙚𝙤𝙬 𝙈𝙚𝙤𝙬 🐱🐾Where stories live. Discover now