Intro 🐱🐾 (Non's POV)

529 48 13
                                    

"Nanon Korapat Kirdpan"

အရင်လကဖြေဆိုခဲ့ကြတဲ့ Testရဲ့ရလဒ်ကို
တစ်ခန်းလုံးကိုကြေငြာပေးနေတဲ့ တီချယ်Namက
သူ့လက်ထဲမှာနောက်ဆုံးကျန်ခဲ့တဲ့ အဖြေလွှာပေါ်က
နာမည်ကို ရေရွတ်လိုက်တယ်။

​အမှတ်အနည်းဆုံးကနေစပြီး ကြေငြာလာလိုက်တာ
နောက်ဆုံးကျန်ခဲ့တဲ့ စာရွက်က တစ်ခန်းလုံးရဲ့ အမှတ်အများဆုံးပဲဆိုတာ လူတိုင်းသိသလို ဒီစာရွက်ရဲ့ပိုင်ရှင်က Nanonပဲဖြစ်မယ်ဆိုတာကိုလည်း
အတန်းထဲက လူတိုင်းကမှန်းထားပြီးသား...။

"Nanon သားလေး အမှတ်များဆုံးရပြန်ပြီနော်...Congratulations ပါ"

တီချယ်Namက Nanonက်ို ပြုံးပြီးပြောလိုက်တယ်။

"ကျေးဇူးပါ တီချယ်...ဟီး"

​သွားတွေအကုန်ပေါ်အောင်ရယ်ရင်း
အဖြေလွှာစာရွက်ကို ယူဖို့ထလာလိုက်ပေမယ့်
အရှေ့မှာရောက်နှင့်နေတဲ့ Tawanက Nanonဆက်မသွားအောင်ကာလိုက်ပြီး အဖြေလွှာကို ဦးအောင်ယူလိုက်တယ်။

Tawanဆိုတာက Nanonတို့အတန်းထဲက
ကျောင်းသူတွေထဲမှာ အတော်ဆုံးပေါ့...။
Nanonပြီးရင် အတန်းထဲမှာဒုတိယနေရာမှာရှိပြီး
Non ကိုအမြဲလိုက်ပြိုင်နေတတ်သူလည်းဖြစ်တယ်။

"ရော့ Nanon အဆင့်တစ်ရပြန်ပြီနော် Congratulations"

အဖြေလွှာစာရွက်ကို Nanonလက်ထဲထည့်ပေးပြီး
ပြောလာတဲ့ Tawanကို Nanonဘာပြန်ပြောရမှန်းမသိ၍
"ကျေးဇူး" လို့သာ ခေါင်းကုတ်ရင်းပြန်ပြောလိုက်ရတယ်။

အဖြေလွှာစာရွက်ကိုယူပြီး ကိုယ့်နေရာကိုယ်ပြန်လာတော့
Nanonထိုင်ခုံရဲ့အရှေ့တစ်ခုံမှာ ထိုင်တဲ့သူငယ်ချင်းမက
နောက်ကိုလှည့်လာကာ စကားလာပြောလေသည်။

"ငါ့သူငယ်ချင်းကြီး အဆင့်တစ်ရပြန်ပြီ
ကျေနပ်တယ်သိလား..."

အားရပါးရပြောနေတဲ့ သူ့ပုံစံက သူကိုယ်တိုင်
အဆင့်တစ်ရသည့်အလား ပျော်ရွှင်မြူးထူးနေသည်။

"နင်သတိထားမိလား Tawanမက နင့်ကိုမနာလိုဖြစ်နေပေမယ့် ပြုံးပြီးဟန်ဆောင်နေတာသိလား"

"Paew...! သူကြားသွားဦးမယ် အဲ့လိုမပြောနဲ့လေ"

သူငယ်ချင်းမရဲ့အသံက အနည်းငယ်ကျယ်နေတာကြောင့်
Nonမှာအလန့်တကြားတားရတယ်။

𝙈𝙮 𝘿𝙚𝙖𝙧 𝙈𝙚𝙤𝙬 𝙈𝙚𝙤𝙬 🐱🐾Where stories live. Discover now