Ep 2 🐾🐱

527 50 15
                                    

Unicode~

"အနွန်ရယ်...နင်ကတော့လုပ်ပြီ။ ဆရာမNamကို ဖိုင်တွဲသွားပေးတာ ဖိုင်ကျပျောက်လာရတယ်လို့"

အခန်းထဲပြန်ရောက်တာနဲ့ ဖိုင်တွဲပေးခိုင်းလိုက်တဲ့
ဆရာ Bank ဆူတာမခံရခင်
Paewရဲ့ပူညံပူညံအသံကိုစကြားရလေသည်။
Nanonလည်း ကိုယ့်အမှားနဲ့ကိုယ်မို့
ခေါင်းလေးကုတ်ပြီး သွားလေးစေ့ကာ
ငြိမ်ခံနေရတော့တာပေါ့...

"နင်ကဘယ်လိုလုပ်ပြီး
စီနီယာဆောင်ကိုရောက်သွားရတာလဲ"

Paewကမေးတော့ Nanonရှင်းပြရတယ်၊

"တီချယ် Nam က ရုံးခန်းထဲမှာမရှိတော့...အခြားဆရာမတွေက စီနီယာဆောင်မှာရှိလောက်တယ်လို့ပြောလိုက်လို့ ငါသွားရှာတာ"

"အင်း ငါကလည်း toiletသွားချင်တာနဲ့ နင့်နောက်ကို
မလိုက်ဖြစ်ဘူး ဒီလိုမှန်းသိငါလိုက်ခဲ့ပါတယ်...အဲ့တာဆို ခုလိုအနိုင်ကျင့်ခံရမှာမဟုတ်ဘူး"

"ဘယ်သူအနိုင်ကျင့်ခံရလို့လဲ.."

Paewနဲ့ Nanonတို့ပြောတဲ့စကားတွေကို ဘယ်အချိန်ကတည်းက နားထောင်နေမှန်းမသိတဲ့ Tawanက နောက်ကနေရောက်လာပြီး မေးလိုက်ခြင်းပင်။

"ဘယ်သူမှအနိုင်ကျင့်မခံရပါဘူး ပြီးတော့...နင်နဲ့လည်း
မဆိုင်ဘူး"

Paewကတော့ ခပ်ပြတ်ပြတ်ပဲပြန်ဖြေတယ်။

Tawanက Paewကိုမကျေနပ်တဲ့ပုံစံဖြစ်သွားပြီးမှ
မျက်နှာကို စိတ်မကောင်းတဲ့ပုံပြောင်းလိုက်ကာ
Nanonကိုထပ်မေးတယ်။

"နင် ဆရာ Bank ပို့ခိုင်းတဲ့ဖိုင်ပျောက်သွားတာဆိုတော့ ဆရာဆူတာခံရတော့မှာပဲ။ ဆရာကအဆူကြမ်းတယ်နော် နင်အဆင်ပြေပါ့မလား"

စိတ်မကောင်းဖြစ်တဲ့ပုံစံနဲ့ပြောနေပေမယ့်
Tawanရဲ့စိတ်ကို Nanonမခန့်မှန်းတတ်ပါ။

Tawanကထပ်ပြောတယ်။
"အထက်တန်းဆောင်ဘယ်နားမှာကျခဲ့တာလဲ ပြောလေ...
ငါနဲ့ Suzyသွားရှာပေးမယ်"

"ရ...ရပါတယ် မလိုပါဘူး"

"နင်တို့သွားရှာပေးစရာမလိုပါဘူး...ငါနဲ့Nanonပဲသွားမယ်။ လာ အနွန်..."

Paewက Nanonလက်ကိုဆွဲပြီး
Tawanတို့နားကခေါ်ထုတ်လာကာ
Nanon နားကို တိုးတိုးလေးကပ်ပြောတယ်။

𝙈𝙮 𝘿𝙚𝙖𝙧 𝙈𝙚𝙤𝙬 𝙈𝙚𝙤𝙬 🐱🐾Where stories live. Discover now