Ep 6 🐱🐾

548 53 18
                                    

Unicode

"အနွန် နင်ဘာပြောလိုက်တယ်! ငါစောပြန်သွားတဲ့ညနေက P'Ohmအိမ်ထိရောက်သွားတယ်ဟုတ်လား"

"ဟုတ်ပါတယ်ဆို"

Paewမှာ ဘာမှဆက်မပြောနိုင်ဘဲ
စက္ကန့်ပိုင်းမျှ ပြူးကြောင်ကြောင်ကြည့်နေတယ်။

"Paew ဘာလဲနင်မယုံလို့လား"

"နင်ကဘယ်တုန်းကမှမညာတတ်တော့ ငါယုံတယ်ဆိုပေမယ့် ထူးဆန်းလွန်းလို့ဘယ်လိုမှမယုံနိုင်ဘူးဖြစ်နေတာ။
ဟိုနေ့က နင့်နဲ့နေ့လည်စာတူတူစားတဲ့အပြင် ခုအိမ်ထိပါခေါ်သွားတယ်ဆိုတော့ နင်တို့ဘယ်လောက်တောင်ရင်းနှီးသွားကြတာလဲ ငါတောင်မသိလိုက်ပါလားဟယ်"

Paewဆီကအမေးကြောင့် Nanonက
နှာခေါင်းရှုံလိုက်တယ် ။

"အဲ့လောက်မရင်းနှီးပါဘူး သူကအကျင့်ပုတ်တယ် လူကိုလိုက်စနေတာ၊ သူ့သူငယ်ချင်းတွေကလည်း bulliesတွေ"

"အဲ့တာကိုဘယ်လိုလုပ်အိမ်ထိလိုက်သွားရတာတုန်းဟ"

"ငါလိုက်သွားတာမဟုတ်ဘူး ငါကကားပေါ်အိပ်ပျော်သွားတော့ လိပ်စာမသိလို့ သူ့အိမ်ခေါ်သွားတာ"

"အင်း အဲ့လိုကျတော့ အဓိပ္ပာယ်ရှိသားပဲ..."

"ဘာအဓိပ္ပာယ်ရှိတာလဲ မသိရင်ငါကပဲ ညာနေတာကျနေတာပဲ"

Nanon ကသူပြောတာမယုံလို့ စိတ်ကောက်သွားဟန်ပြတော့ Paewက အသည်းအသန်ပြန်ဖြေရှင်းရတယ်။

"အဲလိုမဟုတ်ပါဘူးဟ...ငါ့အတွက်ထူးဆန်းလို့ပါ"

"နင်တောင်ထူးဆန်းရင် ငါ့နေရာမှာဆိုဘယ်လိုလုပ်မလဲ"

"အေးပါဟ ဒါနဲ့ P'Ohmကအဲ့လိုကျ သဘောကောင်းတဲ့ပုံပါပဲ နင့်က သူ့ကိုဘာတွေကြည့်မရဖြစ်နေတာလဲ"

Paewမေးလိုက်တဲ့အခါ Nanonတစ်ယောက်
သူ့ရဲ့မျက်မှန်ဝိုင်းကို hoodieလက်ထဲမြုပ်နေလို့မမြင်ရတဲ့
လက်ခုံလေးနဲ့ပင့်တင်ပြီး စဉ်းစားဟန်ပြုကာ

"သူက အရပ်ရှည်ပြီးချောတယ်"

"အင်း အဲ့တော့"

"ပြီးတော့ စတိုင်လည်းမိုက်တယ် ကောင်မလေးတွေကြားထဲလည်းနာမည်ကြီးတယ်"

𝙈𝙮 𝘿𝙚𝙖𝙧 𝙈𝙚𝙤𝙬 𝙈𝙚𝙤𝙬 🐱🐾Where stories live. Discover now