အခန်း ၃၇ ဖော်ထုတ်ခြင်း

Magsimula sa umpisa
                                    

ဂျူလီယမ် က "မင်း အတွေးထဲမှာ အကြံတစ်ခုခု
ရှိမနေဘူးလား" လို့ ပြောဖို့ ခေါင်းတောင်
မမော့‌ေတာ့ဘူး

လူးရှပ်စ်သည် အမှန်တကယ်ပင် မသေချာသောကြောင့် ဂျူလီယမ် ၏ ထင်မြင်ချက်ကို ကြားချင်နေတယ်
အိုမီဂါက သူ့ကို ရောထွေးတဲ့ အချက်ပြမှုတွေ
ပေးတယ်၊ တစ်ခါတလေကျ သူ့ကို ကြောက်တယ် တစ်ခါတလေမှာ ရဲရင့်ပြီး ရိုင်းစိုင်းတတ်တယ်
အခုလိုပဲလေ လူးရှပ်စ် သည် တိတ်တဆိတ်
အသက်ရှုရှိုက်နေပြီး သူ့သွေးတွေကို
မျိုချနေသလို ခံစားလိုက်ရ၏
သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ်
တစ်ချိန်တည်းမှာပဲ စိတ်ဓာတ်ကျခြင်းနှင့်
ရူးသွပ်ခြင်းတို့ကို ခံစားခဲ့ရတယ်
သူက ဒေါသတကြီးနဲ့ "ကိုယ် မင်းကို အခုမေးနေတာလေ မင်းမေးတာကို ကိုယ်က ဖြေဖို့ မဟုတ်ဘူး"

ဂျူလီယမ်သည် သူ့အား တစ်ဖက်မှ လှမ်းကြည့်လိုက်ရာ လူးရ‌ှပ်စ်၏ မျက်နှာမှာ အမူအရာအနည်းငယ်
ရှင်းနေပါတယ် အများအားဖြင့် ကွယ်ဝှက်ထားပြီး သိမ်မွေ့တဲ့ ကိုယ်ရည်ကိုယ်သွေး အနည်းငယ်ကို
သူ ခံစားနိုင်သည်။
သိမ်မွေ့သောစိတ်ထားနှင့် တိုက်ရိုက်ဆန့်ကျင်ဘ
က်ဖြစ်သော ဒေါသအနည်းငယ်ကိုလည်း
သူမြင်နိုင်သည်။ သူ့စိတ်ထဲတွင်
သက်ပြင်းအနည်းငယ် ချလိုက်သော်လည်း
"မင်းက တကယ်ချောပြီး မင်းမှာ ပိုက်ဆံအများကြီးရှိတယ်လေ "

ဒါကိုကြားတော့ အယ်လ်ဖာက ကျေနပ်စွာ
ခေါင်းညိတ်ပြပြီး စကားဆက်ရန်ကို စောင့်ဆိုင်းခဲ့သော်လည်း လေထုသည် သေမင်းရှိ‌ေနသကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်
စက္ကန့်အနည်းငယ်ကြာတော့ သူ မကူညီနိုင်ပေမယ့်
အိုမီဂါကို တစ်ချက်ကြည့်လိုက်ပြီး
"ဒါပဲလား တစ်ခြားဟာ မရှိတော့ဘူးလား?"

ဂျူလီယမ်က သူ့အား ဖြေသိမ့်ရန် ခေါင်းညိတ်ကာ
"ဒါ့အပြင် ဘာရှိလဲဆိုတောဘ ချောမောတဲ့
မျက်နှာက မင်းကို လူကြိုက်များစေပြီး
ပိုက်ဆံက မင်းရဲ့ ဂုဏ်သိက္ခာကို အာမခံတာပါပဲ
ဒါက လူတော်တော်များများ လိုချင်တောင့်တပြီးသား
ဖြစ်နေတယ် " ဟု ဂျူလီယမ်က ခေါင်းညိတ်လိုက်ရင်း ဆိုတယ်

ဂျူလီယမ် က ထိုကဲ့သို့ပြောသောအခါတွင်
အဓိပ္ပါယ်များစွာရှိပုံရသည်
သို့သော် အကြောင်းတစ်ခုခုကြောင့် လူးရှပ်စ်သည်
သူ့နှလုံးသားကို ထိုးနှက်နေသလို ခံစားလိုက်ရ၏
အဲဒီလူက ပြုံးနေပုံရပေမယ့် အတွင်းထဲမှာတေ
ာ့ မတူညီတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်
"မင်း ပြောချင်တာက ကိုယ့်ဘဝတစ်ခုလုံးမှာ
လူတွေကို ဆွဲဆောင်ဖို့ ကိုယ့် မျက်နှာနဲ့ ပိုက်ဆံကိုပဲ
သုံးနိုင်ခဲ့တယ်ပေါ့လေ "

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Tahanan ng mga kuwento. Tumuklas ngayon