အခန်း ၃၆ လျှို့ဝှက်ချက်များ

1.2K 125 2
                                    

Unicode

Dominant Omega
အခန်း ၃၆ - လျှို့ဝှက်ချက်များ
စာရေးဆရာ- latteectrie
ဘာသာပြန်စာရေးသူ - Violet M

ဂျူလီယမ်မှာ  သူငယ်ချင်းဆိုလို့ အက်တီယမ် ၊ အိုင်ယမ် နှင့် လူးရှပ်စ် တို့ သုံးယောက်သာရှိတယ်

မကြာခင်မှာပဲ သူ့ညီ‌ေလးက ဒီနေ့လည်ခင်းမှာ
ပို့စ်တစ်ခုတင်တာကို အိုင်ယမ် တွေ့လိုက်တယ်
အိုမီဂါ စန္ဒယားတီးနေရင်း သီချင်းဆိုနေသည့်
ဗီဒီယိုတစ်ခုဖြစ်၏

၎င်းနောက်တွင် Etienne Emond ဆိုသည့် သူလေးဖြစ်ပေ၏

အိုင်ယမ် သည် ဂျူလီယမ် ၏သူငယ်ချင်းအကြောင်းကို သေချာပေါက်သိထားပြီးဖြစ်သော်လည်း

ဒီတစ်ခါတော့ သူ့မျက်နှာကို ပရိုဖိုင်ပုံပေါ်မှ
စူးစူးရှရှ အကြည့်တစ်ချက် ကြည့်လိုက်မိ၏
အိုမီဂါတွင် နက်မှောင်ပြီး မိုးမခလိုမျက်ခုံးမွှေးများရှိပြီး တောက်ပြောင်နေကာ ရွှန်းစိုနေသလို
မျက်ဝန်းတစ်စုံလည်း ရှိ၏
သူ၏ မျက်တောင်များသည် သေးငယ်သော ငှက်‌ေမွှး‌ေလး‌ေတွကဲ့သို့ ထူပြီး ရှည်လျားသည်။
သူ့မျက်နှာပေါ်တွင် အပြုံးသေးသေးလေးဖြင့်
alphaဟာ မကူညီနိုင်ဘဲ အခြားနှင်းဆီရောင်နှုတ်ခမ်း၊ မေးစေ့ကို ခြေရာခံသလို စူးစမ်းပြီးနောက်
အိုမီဂါလည်ပင်း၏ သေးသွယ်ပြီး
လှပသောညှပ်ရိုးဆီသို့ သူ့လက်ချောင်းကို
အသုံးပြုကာ အကဲခတ်နေလေ၏..

ဂျူလီယမ် အိမ်ပြန်ရောက်တော့ သူ့အစ်ကိုက
သူ့ဖုန်းကို စိုက်ကြည့်နေတာကို တွေ့တော့
နည်းနည်း အံ့သြသွားတယ်။
သူက မျက်ခုံးပင့်ပြီး “ဘာလုပ်နေတာလဲ” လို့ သံသယနဲ့ မေးလိုက်တယ်

အိုင်ယမ် က ဖုန်းကို ဖယ်လိုက်ပြီး ပြုံးပြီး
" အရေးမကြီးပါဘူး၊ မင်းရဲ့ဒီနေ့ကရော ဘယ်လိုလဲ"

ဂျူလီယမ် က အမှန်အတိုင်း တုံ့ပြန်ခဲ့သည်
"တကယ်တော့ ဒီနေ့က အရမ်းပျော်ဖို့ကောင်းပါတယ်
။ မင်းရော ဘယ်လိုလဲ။"

သူ့အစ်ကိုက ခေါင်းညိတ်ပြီး ကောက်ချက်ချတယ် "ဟုတ်တယ်၊ သူက တော်တော်လှတာပဲ..."

သူပြောပြီးနောက် တစ်စက္ကန့်အတွင်း အိုင်ယန်၏အမူအရာမှာ ထူးဆန်းသွားပြီး တိတ်ဆိတ်သွားသည်။

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now