အခန်း ၂ အိုမီဂါ

6.2K 532 6
                                    

Unicode
လေဆိပ်မှာသူ့ရဲ့လက်ဆွဲအိတ်ကိုကိုင်ထားလိုက်တယ်။ ဂျူလီယန်ကဘာဆက်လုပ်ရမှန်းမသိခဲ့ဘူး"ငါ‌အခုဘာလုပ်သင့်လဲ?"

[System: Hostတစ်ယောက်ကသူလုပ်ချင်တာ လုပ်လို့ရပါတယ်။ သင့်မှာရွေးချယ်စရာ နှစ်ခုရှိပါတယ်- အိမ်ပြန်ရမယ် မဟုတ်ရင် ဟိုတယ်တစ်ခုရှာရမယ်၊ တံတားအောက်မှာတစ်ညလုံးမနေချင်ရင်ပေါ့]

ဂျူလီယန်က မျက်မှောင်ကျုံ့လိုက်ပြီး "ဘာလို့ ငါ့မှာ မူလကိုယ်ရဲ့မှတ်ဉာဏ်တွေမရှိရတာလဲ"
[System: မင်းကသူမဟုတ်ဘူးလေ။ သူ့ရဲ့မှတ်ဉာဏ်တွေက သူသေသွားတဲ့အချိန်မှာပဲ ပျောက်ကွယ်လုနီးပါးဖြစ်သွားခဲ့တာ။]

ဂျူလီယန်ကမြန်မြန်ပဲဆက်မေးလိုက်တယ် "တစ်ယောက်ယောက်ကများ ငါကသူမဟုတ်တာကို သိသွားရင် ဘာဖြစ်မှာလဲ?"
[System: သူကတခြားနိုင်ငံမှာ၃နှစ်လောက်နေခဲ့တာ စာလေ့လာနေခဲ့တာလေ ဒါကြောင့်သူ့ပုံစံက မတူတော့ရင်တောင် ဘယ်သူမှသတိထားမိမှာမဟုတ်ဘူး။ ဝတ္ထုထဲက ဂျူလီယန်က သူ့အကိုကလွဲပြီး တခြားရင်းနှီးတဲ့ သူငယ်ချင်းတို့ မိသားစုတို့မရှိဘူး။]

ဂျူလီယန်ကစိတ်ရှုပ်ရှုပ်နဲ့သူ့မျက်နှာကိုပွတ်သပ်လိုက်တယ် "ငါ့မှာအကိုရှိတယ်လား?"
[System: အတိအကျပြောရရင်အကိုကြီးပေါ့ မမှတ်မိဘူးလား? သမ္မတBaumeကလည်း ဝတ္ထုထဲက ဇာတ်ပို့တစ်ယောက်ပဲလေ]
ဂျူလီယန်ပိုပြီးတောင်စိတ်ရှုပ်သွားသေးတယ်။ "သမ္မတBaume?" သူသေချာကိုမှတ်မိတာပေါ့။ ခေါင်းဆောင်မင်းသားနဲ့ ဗီလိန်က သူ့ရဲ့အခင်ဆုံး သူငယ်ချင်းတွေလေ။ စဉ်းစားကြည့်ရင် သူတို့မိသားစုနာမည်တွေက တူတူပဲ။ ဒါပေမယ့် သူနဲ့မူလကိုယ်ပိုင်ရှင်နဲ့ ဆက်ဆံရေးကိုတော့ စဉ်းစားမရဘူး။

[System: မင်းတို့ရဲ့ဆက်ဆံရေးက ရှုပ်ထွေးတယ်။ သူတို့မိဘတွေကွယ်လွန်ပြီးတဲ့နောက် သူတို့စကားများခဲ့ကြတယ်။ ဂျူလီယန်ကနိုင်ငံခြားကို ထွက်သွားခဲ့ပြီး သူနဲ့အဆက်အသွယ်မလုပ်ခဲ့ဘူး။]

ဂျူလီယန်ရဲ့အမူအရာတွေက သေချာတွေးတောနေပြီး လေးလေးနက်နက်ရှိနေခဲ့တယ်။ "အချက်အလက်တွေအများကြီးပဲ"။ ပြီးတော့ မသိသေးတာတွေလည်း အများကြီးကျန်သေးတယ်။ ဒါပေမယ့် သူ့မှာsystemရဲ့အကူအညီနဲ့ စာအုပ်ထဲက ဗဟုသုတတွေလည်း ရှိသေးတာပဲ။ ဒါက တကယ်သဘောကောင်းပေးထားတာပဲ ဆိုပြီး တွေးလိုက်မိတယ်။ သူ့ရဲ့စိတ်အခြေအနေက ပေါ့ပါးသွားပြီး ကျုံ့ထားမိတဲ့မျက်ခုံးတွေလည်း ပြေလျော့သွားခဲ့တယ်။ ဂျူလီယန်က တက္ကစီတစ်စီး ခေါ်လိုက်ပြီး အနီးဆုံးဟိုတယ်ကိုသွားလိုက်တယ်။

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now