ချစ်တယ်ဆိုတဲ့စကားဟာ မင်္ဂလာအရှိဆုံးစကားလေးပါ။
ဂျွန်ဟာမင့်ကိုခါးလေးကနေခိုင်ကာလေထဲတွင်မြှောက်လိုက်တော့မင်ကသဘောတကျရယ်သည်။
ဘာကိုမှလဲ ရှက်မနေနိုင်တော့ပါ။ဘယ်သူ့ကိုမှလဲဂရုစိုက်မနေနိုင်တော့ပါ။ချစ်တာပဲသိပါသည်။
ဂျွန်သည်မင့်ကိုရင်ခွင်ထဲတစ်ဖန်ပြန်ဆွဲထည့်ကာ မြတ်မြတ်နိုးနိုးကြည့်နေသည်။
ပြောပြရရင်နမ်းချင်နေသည်။ စိတ်ပေါက်လက်ပေါက်ကို နမ်းပစ်လိုက်ချင်သည်။ သို့သော်...မထိရက် မတို့ရက်စရာလေးလဲ ဖြစ်နေပြန်၊ ထိလဲမထိရဲပြန်တော့ ဂျွန်တို့ခက်ချေပြီ။
မင်က ဂျွန်ဘာဖြစ်ချင်နေမှန်း သိတာပေါ့... ဂျွန်ရဲ့အကြောင်းကို မင့်လောက်ကျွမ်းကျင်တဲ့သူ ဘယ်သူရှိမလဲ...
မင်သည် ဂျွန်မနမ်းရဲမှန်းသိ၍ ခြေဖျားလေးထောက်ကာ အရင်ဦးအောင်နမ်းခဲ့သည်။
ဂျွန့်ရဲ့နှုတ်ခမ်းပါးတွေကို မင်ဟာပိုင်ပိုင်နိုင်နိုင်နမ်းခဲ့ပါတယ်။ဂျွန်ဟာစိတ်တွေထဲကြိတ်ပြုံးလိုက်သည်။အချစ်တွေဟာအတိုင်းအဆမရှိတိုးသွားပါသည်။မင့်ရဲ့ခါးလေးတွေကို လက်မောင်းသန်သန်တစ်စုံဟာ ပွေ့ဖက်လာတယ်။
တစ်ဖက်ကမ်းက ထယ်က ထိုမြင်ကွင်းကို အသည်းနာနာနဲ့ ပြုံးပြုံးကြီး ကြည့်နေခဲ့ပါတယ်။
ပတ်ဝန်းကျင်ကိုမေ့တဲ့အထိ ရူးရူးမူးမူးနမ်းနေကြပါတယ်။
မိဘတွေပါလာတာကို မင်လေး
မေ့နေသည့်ပုံ။နမ်းကြပါသည်။ မမောကြသည့်အတိုင်းကို နမ်းကြပါသည်။
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
ဂျွန်ဟာ မင့်ကိုshopping mallတစ်ခု ကိုခေါ်သွားလေသည်။shooping mallက ဘာလဲဆိုတာတော့မသိပေမဲ့ကိုရီးယားမှာရှိတဲ့မင်ရောက်ဖူးတဲ့
mallတွေထက်တော့ ပိုကောင်းပါတယ်။မင်အကြိုက်ဆုံးပစ္စည်းလေးတွေနဲ့သာစီခြယ်ထားသည်။ mallမှာ ဘူတွေရှိနေလားဆိုတော့ ရှိနေပါသည်။ maskတပ်ထားကြသည်။ ရောင်စုံပုံစံတူလေးတွေ ဝတ်ထားကြသည်။
မင်ဟာ သူတို့ကိုသေချာတော့မကြည့်ခဲ့ပါ။ အာရုံလည်းမထားခဲ့ပါ။ မင့်အာရုံအလုံးစုံဟာဂျွန့်ခေါ်ဆောင်ရာဆီမှာသာ။