Brokendown...💔💔

1.4K 136 16
                                    

ဂျွန် ညာတယ်.ဂျွန်...

💔💔💔

📗📗📗

ဒီနေ့ ဂျွန်နဲ့ တွေ့ဖို့ ချိန်းထားတယ်...

ဒီနေ့ ဂျွန်နဲ့ night out dateလေးပေါ့...💚

မင်လေးရဲ့ ဒိုင်ယာရီစာအုပ်ထဲမှာ ထိုသို့ရေးသားထားခဲ့တယ်...

ထိုစာသား​လေးက မင်လေးရဲ့ နွေးထွေးတဲ့ နှလုံးသားလေးနဲ့ ရေးသားခဲ့တဲ့ နောက်ဆုံးစာသားလေး...

ထိုစာသားပြီးတဲ့နောက်ပိုင်း မင့်ရဲ့ diraryထဲမှာ နောက်ထပ်စာသား တစ်ကြောင်းမှ ထပ်ရှိတော့မှာ မဟုတ်ဘူး...

အထူးသဖြင့် မင့်ရဲ့ အေးစက်စက် အပြုအမူတွေကိုပဲ အားလုံး မြင်တွေ့ရတော့မှာပေါ့။

#######################

waiter:ဘာများ သုံးဆောင်မလဲခင်ဗျ...

barတစ်ခုတွင် မီးရောင်တွေ ဖြိုးဖြိုးဖျက်ဖျက် လက်လက်လက်လက်နဲ့ တေးသံတွေဟာ မညီမညာ မြင်းဒုန်းစိုင်းပြေးသလို ဆူဆူညံညံ...

ပေါင်တံရှည်ရှည်တွေနဲ့ ခါးသွယ်သွယ်၊ ရင်ဘတ်ဖွေးဖွေးတို့ကို လှစ်ဟပြထားတဲ့ နှုတ်ခမ်းနီမလေးတွေဟာ ကွေးကောက်နေအောင်ကို ကနေကြတယ်။

အရပ်ရှည်ရှည် ရုပ်ရည်သန့်သန့်နဲ့ သူဋေးသား တချို့ကလည်း barရဲ့ နေရာအနှံ့မှာ...

မင်ဟာ အားလုံးကို အထူးအဆန်း ငေးကြည့်နေခဲ့ပြီး ဂျွန်အလာကို စောင့်နေခဲ့တယ်။ ပြောရရင် မင် ကြောက်နေခဲ့ပါတယ်။

မင်က barဆိုတဲ့ နေရာနဲ့ သူစိမ်းသက်သက်ပါ။

ချစ်ရသူ ဂျွန်က ချိန်းလို့သာ လာခဲ့ရတာ မင်ဟာ barဆိုတဲ့ နာမည်ကို ကြားရုံနဲ့တင် ကြက်သီးထလို့ရယ်။

barကို ရောက်ပြီး ၁၅မိနစ်ကြာတဲ့အထိတောင် ဂျွန်ကရောက်မလာသေး...

ကိစ္စမရှိပါဘူး။ ဂျွန်ဟာ အရင် ချိန်းထားတဲ့ အချိန်ထက် တစ်နာရီ နီးပါး နောက်ကျပြီးမှ
ရောက်လာတတ်တာပဲ။

ဒါပေမဲ့ အရင်နဲ့မတူတာက အရင်က နေ့ခင်းဘက် စားသောက်ဆိုင်မှာတွေ့ကြတာ။
အခုက ညဘက် မူးနေကြတဲ့ လူတွေရှိတဲ့ barဆိုတဲ့ နေရာ...။

စိမ်း💔Where stories live. Discover now