💚💙The love way of Taekook💚💙

1.6K 119 2
                                    

လန်းဆန်းနေတဲ့ မနက်ခင်းလေးတစ်ခုမှာ...
ကိုရီးယားနိုင်ငံ...ဆိုးလ်မြို့ရဲ့ မြို့လယ်ခေါင်က company တစ်ခု...
Kim limited ဆိုတဲ့ company...
အ့ companyရဲ့ အခန်းတွေထဲက Ceoရဲ့ ရုံးခန်းထဲက ဆိုဖာပေါ်မှာ ထိုင်ပြီး စားပွဲတွေပေါ် ခြေထောက်တင်ကာ ဂိမ်းဆော့နေသော ကောင်လေးတစ်ယောက် ရှိသတဲ့...

သူက Kim limitedရဲ့ ceoဖြစ်သူ Kim Tae Hyung ရဲ့ ချစ်သူ၊ Jeon limited ရဲ့ အငယ်ဆုံးသားလေး ဂိမ်းသရဲလေး Jeon Jung Kook...

Jeon company ကို ခြေဦးတောင် မလှည့်တတ်ပေမဲ့ ချစ်သူ ရှိရာ Kim Company ကိုတော့ ကောင်လေး ဂျောင်ကုဟာ သူ့အိမ် သူ့ရာ လိူ သဘောထားပြီး နေတတ်ပါသတဲ့...

ဂျောင်ကု ရောက်နေတယ်လို့ ကြားတာကြောင့် meetingကို အပြ်ီးသတ်လုပ်ပြီး ဂျောင်ကု ရှိရာဆီကို အမြန်ဆုံး ခြေလှမ်းတွေနဲ့ Ceo Kim လျှောက်လာလိုက်တယ်။

သေချာတာတစ်ခုက ယနေ့လည်း ceo ရုံးခန်းထဲမှာ ရန်ပွဲတစ်ခု ထပ်ဖြစ်ပေဦးမည်။

ဆူညံပူညံ အသံတွေကို ထပ်ပြီး ကြားရပါဦးမည်။ Gamer ဂျောင်ကုနဲ့ Ceo Kimတို့ ကြားမှာ ပြဿနာက ခပ်စိတ်စိတ်။

အကြီးမားဆုံး ပြဿနာကို ပြပါဆိုလျှင် .....
နေရာလုခြင်းကို ပြရပါလိမ့်မည်။

ဘယ်နေရာကို လုတာလဲလို့ အမေးရှိလာရင်...လုတဲ့နေရာက Semeနေရာ...

ပြောရရင် ဂျောင်ကုရော၊ ထယ်ယောင်းရောက Seme type စစ်စစ်တွေ။

ဂျောင်ကုက အသက်ငယ်ပေမဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ အချိုးအစား၊ တက်တူးတွေ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ ကကြီးကနေ အ ပြီးတဲ့အထိကို Seme typeစင်စစ်။

ထယ်ယောင်းကလည်း သိပ်ချစ်စရာ ကောင်းပေမဲ့ တည်တံ့လွန်းလှတဲ့ မျက်နှာထား ပါလာရင်...တကယ့်ကို gentleman type...အလုပ်အကိုင်ကိုလည်း ကြည့်...Ceo တစ်ယောက်အနေနဲ့ ထယ်ယောင်းဟာ လုံးဝ Seme ပဲ...။

အ့ဒီက စခဲ့ကြတဲ့ ပြဿနာတွေရယ်ပါ။ ဂျောင်ကုက ပေါ့ပေါ့ပါးပါးနဲ့ ဂိမ်းလေးဆော့ပြီး ဘဝကို ဖြတ်သန်းနေတယ်ဆိုပေမဲ့ သူ့ခံယူချက်နဲ့ သူ့အမှန်တရားက သူဆိုတဲ့ Jeon Jung Kookသည် Seme...သူနဲ့တွဲတဲ့ သူ့ချစ်သူက ယောကျာ်းလေးသာဆို ထိုသူက
သေချာပေါက်ကို Uke ဖြစ်ရမည်ပေါ့...ဘယ်သူက ဘယ်လိုဖြစ်နေနေ ဘယ်လို လူစားပဲ ဖြစ်ဖြစ် သူ့ချစ်သူဖြစ်လာလျှင် ထိုသူက Ukeပဲ ဖြစ်ရမည်။

စိမ်း💔Where stories live. Discover now