လေပြေလေညှင်းက တဖြေးဖြေး တိုက်ခတ်နေကာ...ပြာလွင်လွင် ကောင်းကင်ကြီးထက်မှာ နေလုံးကြီးက ဝင့််ဝင့်ထည်ထည် အလင်းဆောင်နေလေတယ်...
အဖြူရောင် တိမ်တိုက်တို့က ဟိုတစ်စု ဒီတစ်စုနဲ့...ငှက်တွေကလည်း ပျံကာဝဲကာနဲ့ သဘာဝတရားကြီးက အလှကြီိးလှလို့ရယ်...
ထိုအလှတရားတို့ကို ကင်မရာ တစ်လက်ဖြင့် လိုက်လံစုဆောင်း မှတ်တမ်းတင်နေတဲ့ ကောင်လေး တစ်ယောက်ရှိလေတယ်...
ထိုကောင်လေးက အရပ်ကလေး ခပ်ပုပု၊ အသားလေးက ဖြူဥဥ၊
နှုတ်ခမ်းလေးက ရဲရဲလေးနဲ့ စူတူတူ...ချစ်ဖို့ကောင်းချက်ကတော့ ဘယ်သူမှ မေးခွန်းထုတ်လို့မရအောင်ပေါ့..."Just let me love...you...let me love let me love..let me love..you..."
သီချင်းလေးကို အသံသာသာ ချိုချိုလေးနဲ့ ခပ်အေးအေးလေး ငြီးဆိုနေကာ အမိုးပွင့်ကားပေါ်မှ လှချင်တိုင်း လှနေသည်။
ထိုကောင်လေးငယ်က Park Jiminလို့ အမည်ရှိတယ်။
Park မျိုးရိုးရဲ့ တစ်ဦးတည်းသောသားလေး၊ အငယ်ဆုံး သားလေး၊ ပူတူးလေး...ကလေးလေး...အမွေဆက်ခံသူလေးပေါ့...
Park Jiminက ရူပါအရရော၊ ဥစ္စာဓနအရပါ အပြစ်ပြောစရာ တစ်ကွက်မှ အရှိ။ လူတိုင်း ငမ်းငမ်းတက် လိုချင်နေကြတဲ့ ဖြစ်တည်မှုလေးပေါ့...
Park Jiminကို definition ဖွင့်ရမယ်ဆို လာကြိုက်တဲ့ သူတိုင်းကို ငြင်းပစ်ပြီး "ငါက ချောရက်သားနဲ့ ဘာလို့ ချစ်သူ မရှိရတာလဲ"ဆိုပြီး အသံပြဲနဲ့ အော်နေတတ်သူမျိုးပေါ့...
အချစ်ခံရသလို အရမ်းလည်း ချွဲနွဲ့တတ်သူ ချစ်စရာ ကလေးလေးပေါ့...
အခုတော့ ကလေးလေးဟာ ခရီးတစ်ခု သွားနေခြင်း...
အတိအကျ ပြောရရင် ဂျီမင်လေးက အရှေ့တောက် အာရှ ဒေသက မြန်မာ ဆိုတဲ့ နိုင်ငံလေးကို ခရီးထွက်နေတာပေါ့...
"မြန်မာက တိမ်ပင်လယ်ဆိုတာရယ်၊ ပုဂံရယ်၊ ငပလီတို့တွေရယ်က တော်တော် လှတယ်... အရမ်း နာမည်ကြီးတယ်...သား မြန်မာကို အရမ်း သွားချင်လို့ပါ Appaရယ်"လို့ ချွဲနွဲ့ကာ မရရအောင် ပူဆာခဲ့သည်။
"သားသားရယ် မြန်မာက Appaတို့ ကိုရီးယားနဲ့ ရာသီဥတုက အများကြီး ကွာတာ သားသားရဲ့...
မြန်မာမှာက အရမ်းပူတယ်...ပြီးတော့ အစားအစာတွေနဲ့ တိုးတက်မှုတွေကလည်း Appaတို့နဲ့ အများကြီး ကွာတယ်လေ သားသား...မသွားပါနဲ့လားကွာ"
လို့ တားပြန်တော့...
![](https://img.wattpad.com/cover/310221391-288-k669887.jpg)