အပိုင်း (၁)

588 59 8
                                    

"ချန်ယောလ်လေးက ဒီဝတ်စုံနဲ့ကြည့်ကောင်းလိုက်တာ"

ချန်ယောလ်မေမေက သူ့ကိုယ်ပေါ်ရှိ အကောင်းစား အနောက်တိုင်းဝတ်စုံကို လက်နဲ့ဖွဖွလေး ပွတ်သပ်ရင်း ဂုဏ်ယူစွာပြောသည်။ သူမေမေ့ကို ပြုံးပြလိုက်မိလား သေချာမသိ။ စိတ်ထဲ တင်းကြပ်နေတာသာ သိသည်။ မှန်ထဲက မြင်နေရတဲ့ သူ့ပုံရိပ်က တကယ်ပဲ သူလား။

ရှပ်အင်္ကျီ အကွက်တွေနဲ့ ဟူဒီတွေသာဝတ်တဲ့သည့် သာမန်ကျောင်းသားလေးက တန်ဖိုးကြီးဝတ်စုံဝတ်လိုက်တာနဲ့ အနေအထားတွေက ချက်ချင်းကွဲပြားသွားတော့တာပင်။ သူက တစ်ပါးသူလက်ထဲမှာ တောက်တောက်ပြောင်ပြောင်ဘဝနဲ့ နေရတော့မှာမှန်းသိလျက် ဘာလို့များ မပျော်နိုင်ရတာပါလိမ့်။

"အမေ...ချန်ယောလ် အဆင်သင့်ဖြစ်ပြီဆို ပွဲစတော့မယ်နော်
ခန်းမထဲမှာနေရာယူလို့ရနေပြီဗျ"

ချန်ယောလ်အမေကို သူ့အမေလို ခေါ်လိုက်သည့် ထိုလူကိုကြည့်ပြီး နှုတ်ခမ်းကို မသိမသာမဲ့လိုက်သည်။ ချန်ယောလ်ရှေ့မှာဆို စောင့်ကြွားကြွားနဲ့လူက မေမေ့ရှေ့မှာဆို လူယဉ်ကျေးဟန်ဆောင်တတ်သည်။ မေမေက ဒီလူကို သဘောကျသည်။ ချန်ယောလ် တစ်ဘဝလုံး ဒီလူလက်ထဲမှာဆို စိတ်ချသည်ဟုပြောသည်။ ချန်ယောလ်ရဲ့ ပျော်ရွှင်မှုတွေအားလုံး ဒီလူကြောင့် ဆိတ်သုဉ်းပျောက်ကွယ်သွားခြင်းကိုတော့ မေမေက လျစ်လျူရှုလိုက်ပုံရပါသည်။

မေမေအခန်းထဲက ထွက်သွားပြီးနောက် ချန်ယောလ်လည်း အဝတ်အစားကို အကြောင်းမဲ့ ဟိုဆွဲဒီဆွဲနဲ့ ပုံကျအောင် ပြင်ဆင်နေလိုက်သည်။ ဒီလူနဲ့ နှစ်ယောက်တည်းရှိချိန်တိုင်း သူ့ရဲ့ ကြွယ်ဝချမ်းသာတဲ့ အရှိန်အဝါတွေက ဖုံးလွှမ်းသွားသလိုခံစားရပြီး မွန်းကြပ်သည်။ မှန်ထဲမှာ သူ့နောက်ကပေါ်လာတဲ့ ထိုလူက ဆံပင်များကို သပ်ရပ်စွာပုံသွင်းထားပြီး ချန်ယောလ်နှင့်ပုံစံတူဝတ်စုံကို ဝတ်ဆင်ထားသည်။ အပြင်အဆင်အရသာ လူကြီးပုံပေါက်ပေမဲ့ ဒီလူက ၂၈ နှစ်ဆိုသည့် အသက်အရွယ်နှင့် မလိုက်အောင် နုဖတ်လွန်းသည်။ ချန်ယောလ်နှင့် ရွယ်တူ အသက် ၂၀ ပါလို့ပြောလျှင် မယုံနိုင်စရာမရှိလောက်အောင်ပင်။

ချစ်သည် ဆိုတာထက် ပိုသောNơi câu chuyện tồn tại. Hãy khám phá bây giờ