Chapter 62 _ ပျောက်ဆုံးသွားသော မျက်ရည်စများ

Start from the beginning
                                    

သက်သေအထောက်အထားရချင်လျှင်၊ ရန်ဒီ့ဆီက ဖြေရှင်းချက်ကို ရရန်လိုအပ်သည်။

သို့ရာတွင်၊ ယခုလက်ရှိ သဲလွန်စများအပေါ် ရှင်ယဲ့၏ နားလည်ထားမှုအရ၊ သဲလွန်စအသစ်တွေ ထပ်ပေါ်မလာသ၍ သူ၏ ခန့်မှန်းချက်များမှာ ၈၀% မှန်ကန်နိုင်ချေရှိသည်။

ရှင်ယဲ့မှာ သူ အဆက်မပြတ် စဉ်းစားတွေးခေါ်နေမှရမည်၊ စိတ်ပျက်ကျရှုံးမှုများကြား မျှော်လင့်ချက်လေးတစ်ခုကို ရှာဖွေမှရမည်ဟု စဉ်းစားခဲ့သည်။ သို့သော် စဉ်းစားလေလေ သူပိုပြီး အသိတရားရလာလေလေဖြစ်ကာ၊ ရက်စက်သည့် အမှန်တရားကို ယုတ္တိကျကျ လက်ခံလာနိုင်လေလေဖြစ်သည်။

သူဟာ ဘာမှနားမလည်သလို ဟန်ဆောင်ဖို့ရာအတွက် အလွန်ဉာဏ်ကောင်းလွန်းနေခဲ့သည်။

မှန်မှာ အသာအယာလေး လက်များကို ဆန့်ထုတ်လိုက်ကာ အလွန် ချည့်နဲ့နေပုံပေါ်သည့် ရုပ်သေးရုပ်လေးကို ဖက်ထားပေးလိုက်သည်။ သူ အခုလုပ်ပေးနိုင်သည့် အရာမှာ ဤတစ်ခုတည်းသာ ရှိသည်ပင်။

ဒီကမ္ဘာ၌ ခန္ဓာကိုယ်ရှိနေသည်က တကယ်ကောင်းလေသည်။ အနည်းဆုံးတော့ သူ ရှင်ယဲ့ ဝမ်းနည်းနေသည်ကို နှစ်သိမ့်မပေးနိုင်ဘဲ၊ ထိုင်ကြည့်နေစရာမလိုတော့ပေ။

ဤကဲ့သို့သော အနေအထားဖြင့် ဘယ်လောက်ကြာအောင် နေခဲ့မိမှန်း မသိပေ။ အမှောင်ထုထဲ၌ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ရုပ်သေးရုပ်လေးက ရုတ်တရက် စကားဆိုလိုက်လေသည်:

"ဒီဂိမ်းထဲမှာ ဝင်ကစားရင်းနဲ့၊ ငါ ကံကြမ္မာကိုစိန်ခေါ်ခြင်း ဂိမ်းရဲ့ ကွယ်ဝှက်ထားတဲ့ စည်းမျဉ်းတစ်ခုကို တဖြည်းဖြည်းနဲ့ သိလာခဲ့တယ်။ အဲ့တာက အခြေအနေတွေ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ၊ ဂိမ်းက ကစားသူတွေကို ဘယ်တော့မှ လက်ဦးမှုယူပြီး သတ်ပစ်မှာမဟုတ်ဘူး။ သူက ကစားသူတွေကို မျှော်လင့်ချက်ကုန်ဆုံးအောင် လုပ်လိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီလို မျှော်လင့်ကုန်ဆုံးနေတဲ့ အခြေအနေအောက်မှာ မျှော်လင့်ချက်ရေးရေးလေး တစ်ခုကို ပေးထားလိမ့်မယ်။ အဲ့ဒါကြောင့် ငါ ယုံကြည်တယ်။ မင်းသာ အသက်ရှင်နေသ၍ ဂိမ်းထဲက ထွက်ပြီး ခန္ဓာကိုယ်ဆီ ပြန်သွားနိုင်မယ့် နည်းလမ်းတစ်ခု သေချာပေါက် ရှိမှာပဲ။

High Energy QR Code [ Myanmar translation ]Where stories live. Discover now