Ch 22:မင်းကသူတို့ရဲ့ကလေးမဟုတ်ဘူး

355 94 5
                                    

[Zawgyi]

ကျန်းရှင်း​ဆွေ့ အ​နောက်​ကတစ်​စုံတစ်​​ယောက်​ သူ့ကိုကြည့်​​နေတာ ခံစားမိတယ်​ ဒါ​ပေမယ့်​ သူလှည့်​ကြည့်​လိုက်​​တော့ ရုပ်​ရှင်​ဧကရာဇ်​ဖူနဲ့ ရှန်​ရှင်းချန်​တို့စကား​စမြည်ေ​ပြာ​နေတာကိုပဲ ​တွေ့ရတယ်​။သူတို့နှစ်​​ယောက်​က စကား​ပြော​နေကြပြီး သူ့ကိုသတိထားမိပုံ​မ​ပေါ်ဘူး။

သူအထင်​မှားတာပဲ ​နေမှာပါ.....

သူ​ခေါင်းယမ်းလိုက်​ပြီး ရုပ်​ရှင်​ဧကရာဇ်​ဖူ လည်​​ချောင်း​ဆေးကို စားလား မစားဘူးလားဆိုတာ မ​နေနိုင်​ဘဲအကြိမ်​အနည်းငယ်​​လောက်​ ခိုးကြည့်​လိုက်​တယ်​။သူ့လည်​​ချောင်းအရမ်းအဆင်​မ​ပြေဖြစ်​လာရင်​ ​ဆေး​တွေက သူ့ကိုသက်​သာ​အောင်​ကူညီ​ပေးနိုင်​တယ်​။

Tuyaကသူ့အကြည့်​ကိုသတိထားမိသွားပြီး ညင်​သာစွာ​ပြောလိုက်​တယ်​"​ဆွေ့​ဆွေ့ မင်းသွားပြီး ဆရာဖူကိုနှုတ်​ဆက်​ချင်​လို့ လား?"

ကျန်းရှင်း​ဆွေ့ သူ့အကြည့်​​တွေကို အမြန်​ပြန်​ဆုတ်​ပြီး ​ခေါင်းယမ်းလိုက်​တယ်​"မဟုတ်​ဘူး မဟုတ်​ပါဘူး ကျွန်​​တော်​​​ဒီတိုင်းကြည့်​ကြည့်​တာပါ။"

Tuya သူ့ရဲ့ပြင်းထန်​​တဲ့တုံ့ပြန်​ပုံ​ကြောင့်​ နည်းနည်း​ထိတ်​လန့်​သွားတယ်​။

မကြာခင်​မှာ ​ရွှေအို​ရောင်​ဆံပင်​နဲ့အမျိုးသမီးနည်းပြ
ကပြန်​ပြုံးလာပြီး ​"စိတ်​မလှုပ်​ရှားပါနဲ့ ငါ့မှာတခြားရည်​ရွယ်​ချက်​မရှိပါဘူး တကယ်​​တော့ အစ်​ကိုဖူက အဲ့​လောက်​​ကြောက်​စရာမ​ကောင်းပါဘူး။တခါတ​လေ သူကအရမ်းတင်းကြပ်​တတ်​​ပေမယ့်​ သာမန်​အချိန်​​တွေမှာ​ မင်းတို့ကို အရမ်းလည်းဂ​​ရုစိုက်တယ်​။မင်းသူ့ကိုသ​ဘောကျရင်​ မင်းသွားပြီးစကား​ပြောလို့ရတယ်​ မ​ကြောက်​ပါနဲ့။"

ကျန်းရှင်း​ဆွေ့ သူနားလည်​​ကြောင်း​ပြောမလို့ ပြင်​လိုက်​ချိန်​မှာ သူ့​ဘေးနားက အန်းရန်​က"အစ်​ကိုဖူက အရမ်း​ကောင်းတယ်​လို့ ငါထင်​တယ်​။ငါတို့နဲ့ သူတင်းကျပ်​တာ ဖြစ်​သင့်​တာပါပဲ။တကယ်​​တော့ သူကလုံးဝမတင်းကျပ်​ပါဘူး။အစ်​ကိုဖူက တကယ်​တမ်း အ​တော်​​လေးညင်​သာတယ်​ဆိုတာ ငါခံစားမိတယ်​။"

အတုအ​ယောင်​အ​မြောက်​စာသခင်​​လေးကပြန်​လည်​ရှင်​သန်​လာပြီး​နောက်....Where stories live. Discover now