Ch 4:အဓိက​ဇာတ်​​ဆောင်​shouရဲ့ ပထမဆုံး​တွေ့ဆုံမှုကိုခိုးယူမိခြင်း

1.1K 309 13
                                    

[Zawgyi]

ဈေးဆိုင်​​လေးမှာ အရာအားလုံးက​​ကောင်းစွာ လည်​ပတ်​​နေသည်​။ဒီ​နေ့မှ ဘာ​ကြောင့်​ စီးပွား​ရေး​ ဒီ​လောက်ထိေ​ကာင်းစွာ လည်​ပတ်​​နေလဲမသိရ​ပေ။Mr.ကျန့်​နဲ့ သူ့ဇနီးကအထဲမှာ ဆန်​ကိတ်​​တွေလုပ်​​နေကြပြီး ကျန်းရှင်း​ဆွေ့က​ အပြင်​မှာ​ဘေလ်​စု​ဆောင်းတဲ့အလုပ်​လုပ်​ပြီး ကူညီ​နေသည်​။

ဒီ​နေရာမှာလုပ်​ရတာ ပထမ​တော့ကျန်းရှင်း​ဆွေ့အတွက်​ အနည်းငယ်​ရှုပ်​​ထွေး​နေ​ပေမယ့်​ တခဏ​လောက်​ကြာပြီး​နောက်​မှာ​တော့ သူ့လှုပ်​ရှားမှု​တွေက ပိုရင်းနှီးလာသည်​။ကျွမ်းကျင်​သူတစ်​​ယောက်​​လောက်​​တော့ မ​ကောင်း​ပေမယ့်​ ကံ​ကောင်းစွာနဲ့ပဲ ​​ဖောက်​သည်​​တွေနဲ့ မျက်​နှာချင်းဆိုင်​ရတဲ့အခါ သူ​ကောင်း​ကောင်း လုပ်​​ဆောင်​နိုင်​​သေးသည်​။

ပတ်​ဝန်းကျင်​ကလူ​တွေအသံ​ကြောင့်​ ဆူညံ​နေကြသည်။သူ​ခေါင်းငုံ့ကာ ပိုက်​ဆံရှာရင်းအလုပ်​ရှုပ်​​နေပြီး ကျန်​တဲ့နှစ်​​ယောက်​က​တော့ အခြားသူများအတွက်​ ကိတ်​မုန့်​​တွေပြင်​ဆင်​ရင်း အလုပ်​ရှုပ်​​နေကြသည်​။

အခုက​နောက်​စားသုံးသူတစ်​​ယောက်​ အလှည့်​ဖြစ်​သည်​၊အနည်းငယ်​ညင်​သာပြီး သိမ်​​မွေ့နက်​ရှိုင်းသည့် ​ယောင်္ကျားတစ်​​ယောက်​အသံကို သူ့​ခေါင်းထက်​တွင်​ကြားလိုက်​ရသည်​:"ဟယ်​လို၊​ကျေးဇူးပြုပြီး ဆန်​​စေးကိတ်​နှစ်​ခု၊ဖက်​ထုပ်​နဲ့တခြားအစုံဖြစ်​တဲ့ မင်းတို့မိသားစုရဲ့အမှတ်​အသား စားပွဲအစုံကိုထုပ်​​ပေးပါ။"

ကျန်းရှင်း​ဆွေ့ ​အေးခဲသွားသည်​။

တစ်​နည်းနည်းဖြင့်​ အလွန်​ရင်းနှီး​နေတဲ့အသံက သူ့နားထဲဝင်​လာသည်​။ယ​နေ့ကပုံမှန်​​နေ့လယ်​ခင်း​လေးတစ်​ခုပါပဲ သို့​သော်​လည်း ကျန်းရှင်း​ဆွေ့ရဲ့နှလုံးသားက​တော့ ရုတ်​တရက်​ စည်းချက်​မဲ့သွားပုံ​ပေါ်သည်​။

သူရုတ်​တရက်​ ​ခေါင်း​မော့လိုက်​ပြီး သူ့​​ရှေ့ကလူသည်​​ကော်​ဖီ​ရောင်​ကုတ်​အင်္ကျီ၊​နေကာမျက်​မှန်​နှင့်​ မျက်​နှာဖုံးတို့ကိုဝတ်​ဆင်​ထားသည်​။သူ့မျက်​နှာကို​တောင် ​သူသဲသဲကွဲကွဲမမြင်​ရ​ပေမယ့်​လည်း သူ့လက်​​တွေထိန်းချုပ်​မရ​အောင်​ စတုန်​ယင်​လာပြီး အသက်​ရှုရ​တာ​တောင်​ တင်း​ကြပ်​လာသလိုပင်​။

အတုအ​ယောင်​အ​မြောက်​စာသခင်​​လေးကပြန်​လည်​ရှင်​သန်​လာပြီး​နောက်....Opowieści tętniące życiem. Odkryj je teraz