Ch 21:သူကငါ့ရဲ့ဖန်

398 120 5
                                    

[Zawgyi]

စင်​​နောက်​တွင်

ဖျော်​​ဖြေပြီးသွား​တဲ့ သင်​တန်းသား​တွေက စင်​​နောက်​မှာအနားယူ​နေကြတယ်​။


မတိုင်​ခင်​က သူတို့စင်​​ပေါ်မှာ​ဖျော်​​ဖြေရမှာမို့ စင်​​ပေါ်မှာမ​မျှော်​လင့်​ထားတဲ့ အ​ရေး​ပေါ်အ​ခြေအ​နေ​တွေကို တားဆီးဖို့ သူတို့ဘာမှမစားရဲကြဘူး။သဘာဝအ​လျောက်​ပဲ သူတို့ စင်​​ပေါ်ကဆင်းတာနဲ့ တခုခုစားဖို့​အ​ပြေးသွားကြတယ်​။


ရှန်​ရှင်းချန်​က "ငါတို့တင်​ဆက်​ပြီးသွားရင်​ ရှိုးအဖွဲ့ကငါတို့ကို စား​သောက်​ပွဲကြီးတစ်​ခု​​လောက်​ မကျင်းပ​ပေးသင့်​ဘူးလား?"

ကျန်​တဲ့အသင်း​ဖော်​​တွေကလည်း သ​ဘောတူကာ စိတ်​ကူးယဉ်​တဲ့ထဲတန်းစီဝင်​လာတယ်​:

"သူတို့ ငါတို့ကို သိုး​ကောင်​လုံးကင်​တစ်​ခုလုံး​ပေး​လောက်​လား?"

"ငါ​ဟော့​ပေါ့ တကယ်​စားချင်​တယ်​။"

"​ပြောရရင်​ ကိုယ့်​ဘာသာသွားစားကြတာ မ​ကောင်းဘူးလား?"


ရှန်​ရှင်းချန်​လည်း​သ​ဘောတူတယ်​။အခု​ချော​မောတဲ့လူငယ်​​လေးတစ်​​ယောက်​လို ဝတ်​စားထားတဲ့သူ့ကို မကြည့်​လိုက်​နဲ့ ဒီလို​ကြော့ရှင်းတဲ့အဝတ်​အစား​တွေကို ဝတ်​ထားတာ​တောင်​ သူကလူမိုက်​တစ်​​ယောက်​​နဲ့တူ​နေတယ်​။လူတိုင်းကစာ​လေ့လာဖို့သွားကြမယ့်​ပုံ​ပေါ်​ပေမယ့်​ သူက​တော့တစ်​စုံတစ်​​ယောက်​နဲ့"​​ကောင်းမွန်​တဲ့စကားဝိုင်း​လေး"တစ်​ခုသွား​ပြော​တော့မယ့်​ပုံ​ပေါ်​နေခဲ့တယ်​။သူက"​ပြောရရင်​ ငါတို့ကန်​တင်းကိုပဲသွားကြရ​အောင်​"

အခြားသူ​တွေကလည်း ​ပျော်​​ရွှင်​စွာ ရယ်​​မောသ​ဘောတူကြတယ်​။


ရှန်​ရှင်းချန်​ သူ့​ဘေးနားကသူကိုကြည့်​လိုက်​ပြီး"မင်းက​ရော? မင်းအပြင်​ထွက်​ရင်​ ဘာဝယ်​ချင်​လဲ?"

"ငါ"ကျန်းရှင်း​ဆွေ့ ခဏ​လောက်​​တွေးလိုက်​ပြီး"ဘာဖြစ်​ဖြစ်​အဆင်​​ပြေတယ်​။"


အတုအ​ယောင်​အ​မြောက်​စာသခင်​​လေးကပြန်​လည်​ရှင်​သန်​လာပြီး​နောက်....Where stories live. Discover now