Ch 16

467 140 3
                                    

[Zawgyi]

ကျန်း​ရှင်း​ဆွေ့ရဲ့ အဆင့်​ကို​ကြော်​ငြာလိုက်​​တော့ ပရိသတ်​​တွေရုတ်​ရုတ်​သဲသဲဖြစ်​သွားကြတယ်​။

သူတကယ်​ အဆင့်​Aကိုတန်း​ရောက်​သွားတယ်​!!!ဒါကဘယ်​လိုအဆင့်​မျိုးမို့လို့လဲ? ဒီအဆင့်​ကိုရဖို့ က​ကြောက်​စရာ​ကောင်း​လောက်​​အောင်​ ခက်​ခဲတယ်​!!!
အဲ့ဒါအပြင်​ သူဒီအဆင့်​ကို နည်းပြ​တွေရဲ့တညီတညွတ်​တည်း​ဆုံးဖြတ်​မှု​နဲ့ရလာခဲ့တာ၊ရှိ​သေးတာ ဒီလူက,က​တောင်​မကနိုင်​ဘူး! ဒါကိုအ​ခြေခံလိုက်​လျှင်​ အဆင့်​Aရတာက ဒီလူရဲ့သီဆိုမှုခွန်အား​​ကို ပြသရန်​လုံ​လောက်​သည်​။

ပရိသတ်​​တွေလည်း အံ့သြသွားကြတယ်​:

"အဆင့်​A!!!"

"ဒါဘယ်​လို တန်​ပြန်​တိုက်​ခိုက်​တဲ့ဇာတ်​ညွှန်းမျိုးလဲ??"

"ဟား ဟား ဟား.....ငါဒီ​မောင်​​လေးကို အမြဲအရမ်းကြိုက်​​နေခဲ့တာ။"

မိုက်​ကရိုဖုန်းကိုကိုင်​ထားတဲ့ ကျန်းရှင်း​ဆွေ့ရဲ့လက်​​တွေ အနည်းငယ်​မတည်​မငြိမ်​ဖြစ်​သွားခဲ့တယ်​။သူ​လေး​လေးနက်​နက်​ ဦးညွှတ်​ပြီး နည်းပြ​တွေကို​ကျေးဇူးတင်​လိုက်​တယ်​။သူ့ရဲ့အဆင့်​သတ်​မှတ်​ချက်​ကို သူမယုံနိုင်​ဖြစ်​​နေခဲ့တယ်​။သူစင်​မြင့်​​ပေါ်က​နေ ​အောက်​ကိုလှမ်းကြည့်​လိုက်​​တော့ နည်းပြ​တွေကသူ့ကိုအပြုံး​လေးနဲ့ကြည့်​​နေကြတယ်။အခြားပြိုင်​ပွဲဝင်​​တွေဆီက သူ့ဆီဦးတည်​​နေတဲ့ ​လေးစားမှုနဲ့ မနာလိုမှု​တွေကို မြင်​လိုက်​ရ​တော့အိပ်မက်တစ်ခုလို​​​မိန်း​မောသွားခဲ့တယ်​။

သူတကယ်​လုပ်​နိုင်​ခဲ့တာလား?

သူကအ​မြောက်​စာဇာတ်​​ကောင်​​လေး ဖြစ်​​နေတာ​တောင်​ တကယ်​အဆင့်​Aရနိုင်​ခဲ့တာလား?

ဖူကျင်း​ရှောင်​:"ဒီကိုလာခဲ့အုန်း"

မင်းသားဖူရဲ့နက်​ရှိုင်းတဲ့အသံက ကျန်းရှင်း​ဆွေ့ကိုမိန်း​မော​နေရာကနိုးထလာ​စေခဲ့တယ်​။သူအမြန်​​လျှောက်​သွားလိုက်​ရင်း ဖူကျင်း​ရှောင်​နဲ့Tuyaတို့ အတူရပ်​​နေတာကို​တွေ့လိုက်​ရတယ်​။ရွှေ​ရောင်​ဆံပင်နှင့်အလှ​လေးရဲ့ မျက်​နှာတွင်​လည်း​နွေး​ထွေးတဲ့အပြုံး​လေးတစ်​ခုရှိ​နေတယ်​:"မင်းလုပ်​နိုင်​မယ်​ဆိုတာ ငါသိတယ်​။"

အတုအ​ယောင်​အ​မြောက်​စာသခင်​​လေးကပြန်​လည်​ရှင်​သန်​လာပြီး​နောက်....Where stories live. Discover now