Ch 17:အစ်ကိုဖူကသူ့ကိုသဘောအကျဆုံးပဲ

621 144 7
                                    

[Zawgyi]

ကျန်​တဲ့အတန်းAကပြိုင်​ပွဲဝင်​​တွေ တစ်​​ယောက်​ပြီးတစ်​​ယောက်​ပြန်​လာ​တော့ ကျန်းရှင်း​ဆွေ့ လူ​ခေါ်ဖို့ ပြန်​သွားခဲ့တယ်​။

ရှန်​ရှင်းချန်​က နှစ်​နာရီခွဲ​ကျော်​​အောင်​အိပ်​​​ပျော်သွား​တယ်​။အချိန်​ကိုကြည့်​ပြီးတဲ့​နောက်​မှာ သူကျန်းရှင်း​ဆွေ့ကိုကြည့်​လိုက်​ပြီး:"နှိုးစက်​ကဘာလို့မမြည်​တာလဲ?"

"သူတို့လည်းအခုမှထကြတာ မင်းမှာအချိန်​ရှိပါ​သေးတယ်​။"ကျန်းရှင်း​ဆွေ့ သူ့ ကို​ရေယူလာ​ပေးရင်း​ပြောလိုက်​တယ်​။"မင်းတစ်ေ​န့လုံး​လေ့ကျင့်​​နေခဲ့တာ သိပ်​လည်းမအိပ်​လိုက်​ရဘူး.....နည်းပြ​တွေ​ရှေ့မှာ သတိ​လစ်​သွားရတာ ဘယ်​လိုခံစားချက်​လဲဆိုတာမင်းသိချင်​​နေတာလား?"

ရှန်​ရှင်းချန်​​ရေ​သောက်​လိုက်​ပြီး သူ့ကိုကြည့်​ကာထူးထူးခြားခြား​ပြောလာခဲ့တယ်​"မင်းဘယ်​လိုလုပ်​ဒီ​လောက်​ကံ​ကောင်း​နေတာ? သူတို့နိုးတဲ့ချိန်​မှာပဲ မင်းနိုးလာတယ်​။"

ကျန်းရှင်း​ဆွေ့ ပြုံးလိုက်​ပြီး ဘာမှမ​ပြောခဲ့ဘူး။

ရှန်​ရှင်းချန်​​ရေ​ဆက်ေ​သာက်​​နေရင်းနဲ့ ရုတ်​တရက်​ရပ်​တန့်​သွားတယ်​။သူအခုမှ တုံ့ပြန်​လာနိုင်​ပုံ​ပေါ်တယ်​။ရေခွက်​ကိုကိုင်​ထားတဲ့ သူ့လက်​​တွေကိုဖြည်းညင်းစွာ​အောက်​ချလိုက်​ပြီး သူ့ရဲ့နက်​​မှောင်​တဲ့မျက်​လုံး​တွေနဲ့ ကျန်းရှင်း​ဆွေ့ကိုစိုက်​ကြည့်​ရင်း​မေးလာခဲ့တယ်​:"မင်းမအိပ်​ခဲ့ဘူးလား?"

ကျန်းရှင်း​ဆွေ့အမြန်​ပြန်​​ဖြေလိုက်​တယ်​:"ငါအိပ်​​ပျော်​တယ်​ ငါတကယ်​အိပ်​​ပျော်​သွားတယ်​။"

ရှန်​ရှင်း​ချန်​သူ​ပြောတာမယုံ​ပေ:"မင်းရဲ့အိပ်​ရာကဘာလို့သပ်​ရပ်​​နေ​သေးတာလဲ?"

"ငါ​လေ့ကျင့်​ခန်းထဲမှာ ခဏ​လောက်​​လေ့ကျင့်​​နေခဲ့တာ"ကျန်းရှင်း​ဆွေ့ နံရံ​ပေါ်ကနာရီကိုကြည့်​လိုက်​ရင်း :"အခုငါးနာရီထိုး​နေပြီပဲ မင်း​လေ့ကျင့်​​ရေးခန်းထဲအရင်​သွားလိုက်​ ငါခဏ​လောက်​အိပ်​လိုက်​အုန်းမယ်​။"

အတုအ​ယောင်​အ​မြောက်​စာသခင်​​လေးကပြန်​လည်​ရှင်​သန်​လာပြီး​နောက်....Where stories live. Discover now