ငတ်တစ်ခါမွတ်တစ်လှည့်ဖြစ်နေကြတဲ့ ခလေးတွေဟာ သူတို့ညီငယ်လေးတွေရှေ့ရေးအတွက် ချက်ချင်းပင်လက်ခံလိုက်ကြပြီး
သူတို့ဂိုထောင်ဆီအန်ရေးကို ခေါ်လာခဲ့ကြသည်

ဂိုထောင်ရှေ့နားအရောက်တွင်

ခေါင်းဆောင် ဖရင့်ဆင့်က
''သခင်လေး ဒီမှာစောင့်ကျန်ခဲ့ပါလား ညီငယ်လေးတွေကို ကျွန်တော်ပဲခေါ်ထုတ်လိုက်ပါ့မယ် ''

''ဘာလို့လဲ''
အန်ရေး တည်ငြိမ်စွာ မေးလိုက်သည်

''အာ...အဲ့တာက လေ သခင်လေး.....
အဲ့နားက အမှိုက်ပုံနဲ့နီးတော့ အနံအသက်တွေသိပ်မကောင်းဘူး
ပြီးတော့......
ဟိုးရှေ့နားက အမှိုက်ပုံတွေကို ဖြတ်ရဦးမှာဆိုတော့ အဲ့တာ.....ဟို....ဟို......''
ဖရင့်ဆင့် ဟာ အခက်တွေ့နေသောလေသံဖြင့် အားတုံ့အားနာပြောလိုက်သည်

''ရတယ် သွားရအောင် ''

သခင်လေးက ရတယ်လို့ပြောမှတော့ သူတို့ဘာမှမပြောလိုတော့ပါ
သို့နှင့်
အမှိုက်ပုံတွေကိုတက်နင်းကျော်ဖြတ်ကာ ဂိုထောင်ဆီရောက်လာခဲ့ကြသည်

သို့သော်လည်း ထိုနေရာတွင် ထပ်မံအခက်တွေ့ကာ အားနာနေပြန်သည်
အကြောင်းက တော့ သခင်လေးက သူတို့နဲ့အတူ ခွေးတိုးပေါက်က နေ ဝင်ရလိမ့်မယ်

လူဆိုးတွေမရိပ်မိစေဖို့နဲ့ သူတို့အန္တရယ်က နေ ကာကွယ်နိုင်ဖို့ ခလေးတွေဟာခွေးတိုးပေါက်ကလေးသာ ဖွင့်ထားတဲ့ဂိုထောင်ကို ရွေးချယ်နေထိုင်ကြခြင်းဖြစ်သည်

အခုတော့ သူတို့ရဲ့ကျေးဇူးရှင်သခင်လေးပါ လိုက်ဝင်ရတော့မည်
သခင်လေးရဲ့ ပုံရိပ်နဲ့အမှိုက်ပုံထဲက ဂိုထောင်တို့က လုံးဝမလိုက်ဖက်ရတဲ့အထဲ အခုခွေးတိုးပေါက် က  ပါ ဝင်ရတော့မှာမို့ အကုန်လုံးမျက်နှာမလှဖြစ်နေကြသည်

သူတို့တုံ့ဆိုင်းနေပေမဲ့ အန်ရေးက တော့ မမှုပါ
ဒီနေရာလေးက သူsystemထဲ ဒုက္ခခံခဲ့ရတဲ့နေရာတွေနဲ့ယှဉ်ရင် စာမဖွဲ့လောက်သည့် ပမွှားလေးသာသာပင်

အချိန်တစ်ချို့လောက်တုန့်ဆိုင်းကြပြီးနောက်
ဂိုထောင်ထဲသို့ ခွေးတိုးပေါက်မှတစ်ဆင့်ဝင်လိုက်ကြသည်

{Rebirth}ချစ်ဇနီးလေးသည်သာကျွန်တော့ဘဝ Where stories live. Discover now