Part-14

2.7K 316 51
                                    

ဟီးဟီး စပရိုက်🎉🎉🎉🎉


Zawgyi



[အန်ရေးကိုအကဲခတ်တော့မယ့်မာဝင်]


နေ့လည် ၁ နာရီစွန်းစွန်းအချိန်....

ရော်ဆန်အိမ်တော်၌

''ပါး သားကိုခေါ်တယ်ဆို''
မိုင်မာဝင် ပြောလိုက်သည်

''ဟုတ်တယ် သားကြီး... လာ...ဒီမှာလာထိုင်''
အိမ်တော်သခင် မိုင်လီဝင်က ပြန်ပြောကာ သူ့အနားလာထိုင်ရန် လှမ်းခေါ်လိုက်သည်

''ဟုတ်..ပါး''
မာဝင်ဟာ သူ့အဖေနဲ့မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်

''ခီရာ ရော သားကြီး''

''အိပ်ပျော်အောက်သိပ်ခဲ့ရတယ် ပါး...
ဒီကောင်အန်ရေးက ပေါင်ပေ့ကို ဘာဆေးတွေများတိုက်သွားလဲမသိပါဘူး
ညကလည်း တစ်ညဉ့်လုံး အန်ရေးကိုပဲအော်ခေါ်နေတာ
အိပ်နေရင်း ယောင်ပါယောင်လိုက်သေးတယ်''

''ဟား..ဟား..ဟား...''

''ပါး...မရယ်နဲ့ ပေါင်ပေ့က သားကိုတောင် အဲ့လိုယောင်ဖူးတာမဟုတ်ဘူး
သားစိတ်ဆိုးတယ်''

''ဟား..ဟား..အေးပါကွာ ပါး မရယ်တော့ပါဘူး...''

''ပါး...သားကိုခေါ်တာဘာခိုင်းမလို့လဲ''

''ခိုင်းမလို့မဟုတ်ပါဘူးကွာ ....
မာဝင် သားကြီး.... ပါး ပြောစရာရှိတယ် သေချာနားထောင် နော်''

''ဟုတ် သားသေချာနားထောင်ပါ့မယ်ပါး''
အဖေဖြစ်သူရဲ့ စိုးရိမ်မှုအပြည့်ဖြစ်နေတဲ့ မျက်နှာထားကြောင့် မာဝင်တျောက်ကြောက်လန့်နေမိသည်

''အင်း ကိစ္စက ခီရာနဲ့သက်ဆိုင်တယ် ''

အဖေ မိုင်လီဝင် ၏ အပြောကြောင့် မာဝင့်မျက်လုံးတစ်စုံပြူးကျယ်သွားသည်
''ဟင်!??....ပေါင်ပေ့ဘာဖြစ်လို့လဲ ပါး''
ခီရာဟာ ငယ်ငယ်လေးကတည်းက ကျန်းမာရေးချူချာတာမို့ အခုရော ဘာဖြစ်ပြန်ပြီလဲ ဟု စိုးရိမ်မိသည်

''လက်ရှိ အချိန်မှာ တော့ ဘာမှမဖြစ်သေးဘူး
ဒါပေမဲ့ ပါးတို့သေချာမကိုင်တွယ်နိုင်ရင် နောင်တစ်ချိန်ဖြစ်လာတော့မယ့် ကိစ္စကြီးတစ်ခုရှိတယ်''

{Rebirth}ချစ်ဇနီးလေးသည်သာကျွန်တော့ဘဝ Where stories live. Discover now