Part-3

4.3K 389 22
                                    


Uni

**အဖွားရဲ့ကယ်တင်ရှင်**

တစ်လကျော်ကြာမြင့်ခဲ့ပြီ.........
သူပြန်လည်မွေးဖွားလာပြီးနောက်
ဒီတစ်လကျော်အတွင်းမှာ သူရဲ့ တုံးတုံးအအ ပုံစံ ကိုပြောင်းလဲပစ်ခဲ့တယ်........
အချိန်တိုင်းလိုလို အခန်းထဲ နေတတ်ပြီး စတော့ရှယ်ယာတွေ ဝယ်ယူကစားတယ်......

ငွေဘယ်ကရသလဲ?

!ဟက် တခြားလူတွေအတွက် ရှားပါးလှတဲ့ငွေစက္ကူတွေက
လူကာအိမ်တော်မှာ တော့
ရေ လိုပဲ ပေါလျှံတယ်........
ဒီတော့ လူကာအိမ်တော် ရဲ့ ငွေကို တစ်ဦးတည်းသောဆက်ခံသူဖြစ်တဲ့ သခင်လေး လူကာအန်ရေး က လိုသလိုသုံးစွဲနိုင်တယ်.......
တစ်ဦးတည်းသော သား လေး မို့ တစ် လ တစ် လ ရတဲ့ မုန့်ဖိုးတွေက အေသးစား ကုမ္မဏီတစ်ခု တည်ထောင် လို့ ရလောက်တယ်......

ဒေဒီ ဟာ သူ့တိုက်တွန်းချက်ကြောင့် မဒမ်ဒေစီယာ ကို တရားဝင် ပိုးပန်းခဲ့တယ်......
ဘာရယ်ကြောင့်မှန်းမသိ မဒမ်ဒေစီယာက လက်မခံခဲ့ဘူးတဲ့........

သူသိတယ် မဒမ်ဒေစီယာ ဒေဒီ့ကို ဘာကြောင့်ငြင်းလဲဆိုတာ......
သူမဒမ်ဒေစီယာ နဲ့ ခဏလောက်တွေ့ပြီး ဖြေရှင်းမှရလိမ့်မယ်.......
မဒမ်ဒေစီယာဆီ သွားရမယ်........

သူဟာသူ့ဖုန်းကိုထုတ်ယူပြီး အချိန်ကို တစ်ချက်ကြည့်လိုက်တယ်.....
ဒီနေ့က ၁၅ ရက်နေ့ပဲ...... !!!!!
ဟုတ်တယ် ၁၅ ရက်နေ့
လာဗင်အိမ်တော်က သူ့ဖွား လမ်းလျှောက်ရင်း မေ့လဲ ပြီး ဆေးရုံရောက်ခဲ့တဲ့နေ့........

အရင်ဘဝက သူ့ဖွား မေ့လဲနေတာကို လမ်းသွားလမ်းလာလူတျောက်ကတွေ့ခဲ့ပြီး ဆေးရုံပို့ပေးခဲ့တာ...
ကိစ္စ တွေ ပြီးတဲ့နောက် ကျေးဇူးဆပ်တဲ့အနေနဲ့ ဆေးရုံပို့ပေးခဲ့တဲ့ လူရဲ့ သားနဲ့သမီးကို ပညာသင်ပေးခဲ့တယ်.........
အဲ့လူကိုလည်း မိတ်ဆွေရင်းလို ဆက်ဆံခဲ့ပြီး လာဗင်အိမ်တော် ကို တံခါးမရွိ ဓားမရွိ ဝင်ထွက်ခွင့်ရခဲ့တယ်........

ဒါဆို ခုဘဝမွာ အဖြားကို သူကယ်လိုက်ရင်ရော......?

စိမ်းသက်သက်ဖြစ်နေကြတဲ့
လူကာအိမ်တော်နဲ့ လာဗင်အိမ်တော် ရဲ့ ဆက်ဆံရေးက
ပြန်အဆင်ပြေသွားလိမ့်မယ်ထင်တယ်.........

{Rebirth}ချစ်ဇနီးလေးသည်သာကျွန်တော့ဘဝ Where stories live. Discover now