Part-1

18.5K 620 18
                                    

Uni

***ပြန်လည်မွေးဖွားလာပြီ ***

A နိုင်ငံ ရဲ့ ထိပ်သီး မိသားစု တစ် ခု ဖြစ်တဲ့ လူကာအိမ်တော်မှာ
ပင်မအိမ်တော်နဲ့ အိမ်တော်ခွဲ (ဒုတိယအိမ်တော် )
ဆိုပြီး နှစ်ခုရှိတယ်........

လူကာအိမ်တော်ဟာ
A နိုင်ငံ ရဲ့ အာဏာကို
တစိတ်တပိုင်း ချုပ်ကိုင်ထားနိုင်တယ် လို့ ဆိုရလိမ့်မယ်........

ဘာလို့လဲဆိုတော့ A နိုင်ငံ ရဲ့ တစ်ဦးတည်းသော မိဖုရား ဟာ လူကာ ပင်မအိမ်တော် က မို့
လူကာ ပင်မအိမ်တော် ရဲ့ အာဏာက ကြီးကျယ်ခဲ့တယ်..........

လူကာအိမ်တော်မှာ အရင်က က တော့ လက်ရှိ မိဖုရားကြီး လူကာ အန် နာ နဲ့ မောင်ဖြစ်သူ လူကာ အန်မေး တို့ နေထိုင်ခဲ့ကြပေမဲ့
နောက်တော့ လူကာ အန်မေးကပဲ ပင်မအိမ်တော်ကို
ဦးစီးတယ်.......

လူကာအန်မေး ရဲ့ ဇနီး လာဗင်ဒီယာ ဟာ
သားဖြစ်သူ လူကာ အန်ရေး ကို မွေးပြီး တာနဲ့
မီးတွင်း ထဲမှာပင် ကွယ်လွန်ခဲ့တယ်........

အန်မေး ဟာ
သား ဖြစ်သူ လူကာအန်ရေး ကို ပြုစုပျိုးထောင်ဖို့ရန် အတွက် လူကာအိမ်တော်ခွဲမှာ
နေထိုင်တဲ့ မွေးစားညီမ လူကာဆေးဗားကို ပင်မအိမ်တော်ဆီ ခေါ်ယူခဲ့တယ်.......

လူကာဆေးဗား ဟာ မိတဆိုးလေး လူကာ အန်ရေး ကို
ဆိုးသွမ်းရမ်းကားတဲ့ လူငယ်တျောက်ဖြစ်အောင် အကြံပက်စက်စွာနဲ့ ပျိုးထောင်ခဲ့တယ်......

အန်ရေး အသက် (၂၂) နှစ်မှာ ဖခင် ဖြစ်သူ အန်မေး ဟာ
နာမကျန်းဖြစ်ခဲ့ တာကြောင့်
အန်မေး သဘောကျနှစ်သက်တဲ့
ရော်ဆန်အိမ်တော်က သားငယ်နဲ့ လက်ဆက်စေခဲ့ပြီး
ပင်မအိမ်တော်နဲ့ ကုမ္မဏီကို ဆက်ခံစေခဲ့တယ်............

အန်ရေး ဟာ ဆိုးသွမ်းတဲ့ Playboy တျောက် ဖြစ်တယ်.........
Playboy တျောက် ဖြစ်တာနဲ့ အညီ
သောက်စားမူးယစ် စည်းသိမ်ထိုင်ဖြုန်းပြီး
မိန်းမတကာ နဲ့ ပတ် တွဲခဲ့တယ်........
သူဟာ ဖခင်ဖြစ်သူကွယ်လွန်ပြီးချိန်မှာ
ကြင်သူသက်ထား ကို အမြင်လွဲမှားပြီး မုန်းတီးခဲ့မိတယ်......
အိမ်သူရဲ့ ဆန္ဒ မပါဘဲ
တ ဇွတ် ထိုး ကွာရှင်းပြတ်စဲခဲ့တယ် .................

တစ်နေ့မှာတော့ မဒိမ်းမှုနဲ့ စွပ်စွဲခံရပြီး
ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံခဲ့ရတယ်............
ထောင်ထဲ သုံးနှစ် လောက် နေပြီးချိန်မှ
အ မှန် တ ရား က ပြန်ပေါ်လာခဲ့ ပြန်တော့
ထောင်က လွတ်မြောက်လာခဲ့တယ်...........

{Rebirth}ချစ်ဇနီးလေးသည်သာကျွန်တော့ဘဝ Where stories live. Discover now