Part -10

3.4K 369 55
                                    

Zawgyi

{{{မြေခွေး နှင့် မိစ်ဆာ တို့တွေ့ဆုံခြင်း}}}

''အန်ရေး...
ငါ့ရဲ့ပေါင်ပေ့လေးကို လိုက်တွေ့မလား...''

''တွေ့လို့ရလို့လား....
အကိုတွေက ညီလေးတွေရဲ့အချစ်ကို သူများတွေခွဲယူသွားမှာစိုးလို့ ဘယ်သူနဲ့မှ မိတ်ဆက်မပေးသလို ဘယ်သူမှမမြင်အောင် ဝှက်ထားတတ်ကြတယ်တဲ့......''

''အင်း...အဲ့တာမှန်တယ်.....
ဒါပေမဲ့ မင်းကိုတော့ အဲ့လို မ ဟုတ် ဘူး...
အဲ့လိုမျိုး မ ဖြစ် ဘူး.....
မင်းနဲ့ပေါင်ပေ့ကိုတွေ့ပေးချင်တယ်.....
ပေါင်ပေ့က နည်းနည်းတော့လူကြောက်တတ်တယ်....အဲ့တာကြောင့်..သူအော်ရင်လည်း မင်း မလန့်နဲ့ ..စိတ် ပူစရာမ လို ဘူး .....
ကဲ....လာ.....သွားရအောင်......''
မာဝင်ဟာ တက်တက်ကြွကြွဖိတ်ခေါ်လိုက်တယ်.............

အန်ရေး ရဲ့ ငါမယုံကြည်နိုင်သေးဘူး အံ့သြနေသေးတယ်လို့ စကားပြောနေတဲ့ မျက် နှာ ပေးကြောင့်
မာဝင်တျောက်မှာတော့
သူဟာ
စွန့်လွှတ်အနစ်နာခံတတ်သူကြီး
သူငယ်ချင်းကောင်းပီသသူကြီးရယ် လို့ပင် သူ့စိတ်ထဲ ဂုဏ်ယူမဆုံးနိုင်ဖြစ်နေလေရဲ့............

''အင်း...ငါ နောက်ထပ် စတော်ဘယ်ရီ တစ်ချို့လောက် ဝယ်လိုက်ဦးမယ်....''

''အင်းအင်း....''

မာဝင်ဘာမှထုတ်မမေးလိုက်ပေမဲ့
စိတ်ထဲမှာတော့ မေးခွန်းတစ် ခု ရှိနေတယ်......
**ခုနေ မင်းကိုင်ထားတဲ့ စတော်ဘယ်ရီ တွေတောင်များနေပြီကို ဘာလို့ထပ်ဝယ်မှာလဲ... **
နောက်တော့ သူ့စိတ်ထဲ သူပြန်ဖြေပေးလိုက်တယ်
** အော် သူအရမ်းကြိုက်လို့ထင်တယ် **

အကယ်၍ သူထုတ်မေးခဲ့မယ် ဆိုရင်ကော??
အန်ရေး ဘာဖြေလိမ့်မလဲ.. ??

သူဖြေလိမ့်မယ်
^^ ငါ ဒါစားရတာ တော်တော်ကြိုက်တယ် ^^
ဆိုပြီး
ဒါပေမဲ့ အ မှန် က တော့ သူရဲ့ချစ်လှစွာသော ကြင်သူသက်ထားလေး အတွက်ပဲ......

အရင်ဘဝတုန်းက သူနဲ့ကြင်သူတို့ အတူရှိခဲ့ချိန်
သူ .... ဒီ တစ် ခု ကိုပဲ သတိထားမိခဲ့တယ်
သူရဲ့ကြင်သူဟာ စတော်ဘယ်ရီ ဖုတ်ကောင်လေး ဆိုတာကိုပေါ့......

စတော်ဘယ်ရီ စားနေချိန်
ပေါ်ထွက်လာတဲ့ ဖြူဖွေးနေတဲ့ယုန်သွားလေးတွေ
စားနေတဲ့ စတော်ဘယ်ရီ တောင် လိုက်မမှီတဲ့ လှသွေးကြွယ်တဲ့ နှုတ်ခမ်းဖူးဖူးလေး
သူလေးရဲ့အကျင့်အတိုင်း ပါးတစ်ဖက်ဆီ ငုံငုံထားတတ်တာကြောင့် ထွက်ပေါ်လာတဲ့ ပါးဖောင်းဖောင်းလေးတွေ ကို တွေးငေးရင်း အပြုံးတို့လျှံထွက်လာခဲ့တယ်............

{Rebirth}ချစ်ဇနီးလေးသည်သာကျွန်တော့ဘဝ Where stories live. Discover now