Part-13

2.7K 312 44
                                    

**********

Zawgyi

[အန်မေးထက်အဆိပ်ပြင်းတဲ့မြေခွေးလေးအန်ရေး]

အန်ရေးဟာ ထိခိုက်ဒဏ်ရာရထားကြတဲ့ တေလေဂျပိုးလေးအုပ်စုကို လူကာအိမ်တော်ပိုင်ဆိုင်တဲ့ private ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပြီး အိမ်တော်သို့ပြန်လာခဲ့သည်

*****************

နောက်တစ်နေ့မနက် ၁၀ နာရီခန့်တွင်....

''Don't The Water Grow The Tree
Don't The Moon Pull The Tide
Don't the Stars Light The Sky
Like You Need To Light My Life''(ringtone)

''ဟယ်လို''

''သခင်လေး..%*#**?%$$#@+**--==?:""?-=+.......''

''နေရာ''

''.....???@?@?@....''

''ကောင်းပြီ ဆက်ပြီးစောင့်ကြည့်ထား ငါထွက်လာပြီ''

တစ်ဖက်လူဆီမှ ပြောကြားချက်ကြောင့် အန်ရေးတျောက် လျင်မြန်စွာအဝတ်အစားလဲကာ ထိုသူပြောသောနေရာဆီသို့ထွက်လာခဲ့သည်

တစ်ဖက်တွင်
ဈေးကြီးလှပါတယ်ဆိုတဲ့ စားသောက်ဆိုင်ကြီး တစ်ခုဝယ်
လာဗင်အိမ်တော် မှ အဖွား(မဒမ်လာဗင်)နှင့် မဒမ်ဒေစီယာ တို့ တွေ့ဆုံနေကြသည်

မဒမ်လာဗင် ဟာ ဒေစီယာကို စိုက်ကြည့်ရင်း အချိန်အတော်ကြတဲ့အထိ အကဲခတ်နေသည်

အကြည့်ခံနေရတဲ့ မဒမ်ဒေစီယာဟာလည်း ထိုင်ရမလိုထရမလို စိတ်ကသိကအောက်ဖြစ်နေတဲ့မျက်နှာကို အပြုံးလှလှဆင်ယင်ကာ ဖုံးကွယ်ရင်း ကျောက်ရုပ်ကြီးပမာ တောင့်တောင့်ကြီးထိုင်နေသည်

မဒမ်လာဗင်ဟာ ဒေစီယာကို တော်တော်လေး သဘောတွေ့နေပါပြီ
သူမရဲ့ ပထမစမ်းသပ်ချက်ကိုအောင်မြင်သွားပြီ
ဒုတိယစမ်းသပ်ချက်ကိုရော အခုလိုအပြုံးမပျက်ခုခံနိုင်ပါဦးမလား ကြည့်ကြသေးတာပေါ့

မဒမ် လာဗင် ဟာ အဓိပ်ပါယ် များစွာပါရှိတဲ့ အကြည့်တို့ဖြင့် ပြုံးကာဆက်ပြီးစိုက်ကြည့်နေသည်

နောက်ဆုံးတော့
မ နေ နိုင်တော့တဲ့ မဒမ်ဒေစီယာကပဲ စကားစပြောလိုက်သည်

''မဒမ် ကျွန်မကိုပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်''

သူမကို အခုလိုတန်ဖိုးဖြတ်နေတဲ့ မျက်လုံးမျိုးနဲ့ကြည့်တာကို လုံးဝမကြိုက်ပါ

{Rebirth}ချစ်ဇနီးလေးသည်သာကျွန်တော့ဘဝ Where stories live. Discover now