''ဘာလဲ ''

''မင်းကို ငါ့ဇနီးချောလေးနဲ့ မိတ်ဆက်မပေးရသေးဘူးပဲ ......ဟဲ..ဟဲ.....''
အကြံအစည်တွေကွယ်ဝှက်ထားတဲ့ လူယုတ်မာအသံကြီး လုပ်ရယ်လိုက်သည်

တစ်ဖက်မှ မိစ်ဆာကြီးဟာ ကြက်သီးများပင်ထသွားသည်
ပြီးမှ တစ်ခုခုကို စဉ်းစားမိ၍
''ဒေစီယာ????''
ဟု ရေရွတ်လိုက်သည်

''ဟုတ်တယ်လေ..... ဟဲ.... ဟဲ....''
လူယုတ်မာအသံကြီးဖြင့် ရယ်လိုက်ပြန်သည်

''ခွေးမသား မြေခွေးကောင်
မင်းတို့လက်ထပ်တာ ငါ့ကိုတောင်မခေါ်ဘူးပေါ့''
ဒေါသတကြီးလေသံဖြင့်ပြန်ပြောလိုက်သည်

''မဟုတ်ပါဘူးကွာ
ဆေးဗားဝင်ဖျက်မှာစိုးလို့ လက်မှတ်ခိုးထိုးပစ်ရတာ
ငါ့မင်္ဂလာဆောင်မှာတော့ မင်းကိုသတို့သားအရံအဖြစ်ထားမှာ စိတ်ချထားလိုက်''
ရယ်ကျဲကျဲပြန်ပက်ပြောလိုက်သည်

မိုင်လီဝင် သွားကြည့်စရာပင်မလိုပါဘူး
သကောင့်သားက သူ့ကိုအနိုင်ပိုင်းထားရတော့ မှိုရတဲ့မျက်နှာထားနဲ့ ပါးစပ်ကြီးနားချိတ်လောက်အောင် ပြုံးဖြီးနေမှာ
''ခွေးမသား ငါကမင်းလိုသူငယ်ပြန်နေတဲ့တနာရူးမဟုတ်ဘူးကွ''

''ဟင်...သတို့သားအရံမလုပ်ချင်ဘူးလား....
ဒါဆိုလည်းငါ့အဖေနေရာကနေကွာ''
ဝေခွဲမရစဉ်းစားမရ ဖြစ်နေသည့် လေသံဖြင့်ပြောလိုက်ပြန်သည်

မိုက်လီဝင်ဟာ
''Fuck ပဲခွေးကောင်''
ဟု တစ်ခွန်းသာဆဲကာ ဖုန်းကိုဂွက်ခနဲမြည်အောင်ချလိုက်သည်

မိုင်လီဝင်စိတ်ဆိုးနေသလောက် တစ်ဖက်မှအန်မေးက တော့ တဟားဟားအော်ရယ်လျှက်.......


*******************

တစ်ခြားတစ်ဖက်တွင်.....

ဒေစီယာဆီမှပြန်လာတဲ့အန်ရေးဟာ တေလေဂျပိုးလေးအုပ်စုရှိရာ လူကာဆေးရုံသို့ ရှေ့ဆက်ခဲ့ပြီး
ထိုမှတဆင့် ဆေးရုံရှိသက်သာသွားပြီးတဲ့ခလေးများနှင့်အတူ သူတို့ရဲ့ညီငယ်လေးတွေနေထိုင်ရာဂိုထောင်ဆီ သွားရောက်ခဲ့သည်

အန်ရေးက ခလေးများကိုနေရေးထိုင်ရေးစားရေးသောက်ရေးများကိုတာဝန်ယူကာမွေးစားမည်ဖြစ်ကြောင်း
သူတို့အားလုံးကို ပညာသင်ကြားပေးမည်ဖြစ်ကြောင်း
သို့သော် သူ့ကိုသစ္စာမဖောက်နိုင်စေရန် ကျမ်းကျိန်ရမည်ဖြစ်ကြောင်းပြောခဲ့သည်

{Rebirth}ချစ်ဇနီးလေးသည်သာကျွန်တော့ဘဝ Where stories live. Discover now