Part 30 Zawgyi

1.5K 49 10
                                    

အနက်ရောင်နောက်ဆုံးပေါ်ကားလေးတစ်စီးက Tighter Club ရှေ့ကို ကျွီခနဲ ထိုးရပ်လိုက်၏။ ကားထဲမှ အသက် ၃၀ အရွယ်အမျိုးသားတစ်ယောက်က ဆင်းလာပြီး Club ထဲသို့ ဝင်ရန် ပြင်လေ၏။

"ဒီမှါ အကိုလေး ဒီနားမှာ ကားရပ်လို့မရပါဘူး"

လုံခြုံရေးက ဆီးပြီး သူ့ကို တားသဖြင့် အိတ်ကပ်ထဲက ကဒ်တစ်ခုကို ထောင်ပြလိုက်တော့ လုံခြုံရေးက ခေါင်းကို ညွတ်ပြီးနောက်ဆုတ်သွားလေ၏။ ထိုသူက လက်ထဲက ကားသော့ကို လှမ်းပြစ်ပေးလိုက်ပြီး

"ကြည့်လုပ်လိုက် "

ပစ်ပေးလာသော သော့ကို လုံခြုံရေးကောင်လေးခမျာ မိအောင်လိုက်ဖမ်းလိုက်ရလေ၏။ ထိုလူကတော့ ခပ်သွက်သွက်ခြေလှမ်းတွေနှင့် ဟောခန်းတွေ ရုံးခန်းတွေအားလုံးကိုဖြတ်ပြီး သူဌေးရုံးခန်းသို့ ဉီးတည်သွားလေ၏။ နီညိုရောင်Suitနှင့် ခန့်ငြားသော သည့်လူ့ကို တားမြစ်ဖို့ မဆိုထားနှင့် လမ်းမှာတွေ့သူတိုင်းက ခေါင်းညွတ်သွားကြလေ၏။

"ဒေါက် ... ဒေါက် "

"ဘယ်သူလဲ စေ့ထားတယ် ဝင်ခဲ့"

သူက စေ့ထားသော တံခါးရွက်ကို တွန်းဖွင့်ဝင်လာပြီး စားပွဲမှာ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ လူကို လှမ်းကြည့်ပြီး တံခါးကို ပြန်ပိတ်လိုက်လေ၏။

"ကျွန်တော် လာတာ "

"ဟင် ... မင်းက "

"လပြည့်မောင်လေ အကိုမှတ်မိရဲ့လား "

ခွန်မင်းဆက် ရုတ်တရက် အံသြသွားသော်လည်း မျက်နှာက အပြောင်းးအလဲမရှိသဖြင့် လပြည့်မောင် စိတ်ထဲ သိပ်မကျေနပ်။

"မင်း က ဘာလာလုပ်တာလဲ "

"အကိုက စိမ်းကားလိုက်တာ ကျွန်တော်က အကို့ကို သတိရလို့ပေါ့ "

"တော်စမ်းပါ လပြည့် ပြန်တော့ အကို မင်းနဲ့ ပြောစရာ စကားမှ မရှိတာ "

လပြည့်မောင် မချိတရိလေးပြုံးပြီး စားပွဲပေါ်ကို ဝင်ထိုင်လိုက်လေ၏။ မျက်နှာချင်းဆိုင် ဆုံလည်ပေါ်က ခွန်မင်းဆက်၏ အင်္ကျီကော်လံစကို လှမ်းဆွဲကာ မျက်နှာချင်းဆိုင်လျက်

ချစ်သော ... ဆရာမWhere stories live. Discover now