Part 26

5K 433 113
                                    



"ဘယ်လိုဖြစ်သွားပြီလဲ "

မှောင်မဲနေသော ရုံးခန်း၏ ဆုံလည်မှာ ထိုင်နေသော ထားက ဝသုန်ကို မေးဆက်ပြီး မေးနေခြင်းပင်။

"စောရူပါ လာထုတ်သွားပါတယ် CEO "

ထား ခေါင်းကို တဆက်ဆက်ငြိမ့်ပြီး စိတ်သက်သာရာ ရသွားွားသလို သက်ပြင်းချလိုက်ပါတော့၏။

"အချိန်ကြပြီ CEO ပွဲက စနေပြီ ကျွန်မတို့ သွားမှ ရတော့မယ် "

စားပွဲပေါ်တင်ထားသော ငွေမှင်ရောင်တလက်လက် အိတ်အလုံးလေးကို ကောက်ကိုင်ပြီး ထရပ်လိုက်ကာ အဖြူရောင်ခရစ်စတယ်တလက်လက်ဒေါက်ဖိနပ်နှင့် ရှေ့က လှမ်းသွားသော နတ်ကညာတစ်ပါး၏ နောက်မှ ဝသုန်လိုက်ရပါတော့၏။

ညအမှောင်မှာ လင်းလက်နေအောင် ထွန်းညှီထားသော ရောင်စုံမီးရောင်တွေအောက် ကောင်းပေ့ဆိုသော အဖိုးတန် ပွဲတက်ဝတ်ဆုံတွေနှင့် ရောက်ရှိနေသော လုပ်ငန်းရှင်အချို့ဟာ ဧည့်ခံယာမကာကို လက်မှာ ခွက်လှလှနဲ့ ကိုင်လျက် မြည်းစမ်းရင်း စကားစမြည်ပြောနေကြ၏။

အနောက်တိုင်းဂီတသံ ချိုနွဲ့နွဲ့သာ ရှိသော သည်ရပ်ဝန်းသည် L Group နှင့် Jg Group လုပ်ငန်းစုနှစ်ခု ပူးပေါင်းခြင်းအခမ်းအနား တစ်ဖန် မန်နေဂျာလပြည့်မောင်နှင့် CEO ထားသခင်တို့၏ စေ့စပ်ပွဲ။

ငွေမှင်ရောင်ပျိုးပျိုးပျက်ကိုယ်ကျပ်ဂါဝန်ရှည်နှင့် စိန်ကြိုးတဖျက်ဖျက်ကို ဆင်ထားသော CEO ထားသခင်ကို မန်နေဂျာချုပ် လပြည့်မောင်က လက်လေးတွဲကာ လာခေါ်ပုံကို သတင်းထောက်တွေက တဖျက်ဖျက်ရိုက်ရင်း မှတ်တမ်းပြုလေ၏။

"မင်း ဒီနေ့ သိပ်လှနေတယ် သခင် "

လပြည့်မောင်က တီးတိုးပြောလိုက်သဖြင့် နှင်းဆီရောင်ဆိုးဆေးတင်ထားသော နှုတ်ခမ်းလွှာက လေကိုင်းသဏ္ဍာန်​ေကွးညွတ်ကာ ပြုံးရင်း

"ကျွန်မတို့ တစ်နေရာမှာ ဆွေးနွေးကြရင်ပိုကောင်းမယ် ကိုလပြည့်မောင် "

လပြည့်မောင်၏ နားနားကပ်လျက် တီးတိုးပြောလိုက်သော ထား၏ ပုံရိပ်က ကျီဆယ်သလို သဏ္ဍာန်ဆောင်နေသည်အထင်နှင့် သတင်းထောက်များက ကုန်ကြမ်းရယူရန် အသဲအသန်ကြိုးစားနေကြလေ၏။

ချစ်သော ... ဆရာမWhere stories live. Discover now