Part 12

5.6K 472 37
                                    

အနောက်တောင်ဘက်မှာ မိုးတွေ ညို့လာပြီ။ စိတ်ပေါက်ပေါက်နှင့် ထွက်လာခဲ့တဲ့ မြို့အနောက်ဘက် တာလမ်းတစ်လျှောက်မှာ သစ်ပင်ကြီးငယ်နှင့် အုပ်ဆိုင်းဆိုင်း။ ကောင်းကင်တစ်ခွင် လျှပ်ရင်ထင်ပြီး လေက အေးစိမ့်စိမ့်နှင့် တိုက်လာ၏။ အထက်တန်းပြီးကတည်းက မသောက်ဖြစ်တော့တဲ့ စီးကရက်နှင့် မီးခြစ်အမြဲ သွားလေရာပါလေကျမို့ အချမ်းပြေစေရန် တစ်ချက်လောက်မီးညှိပြီး ဖွာလိုက်၏။

"အဟွွတ် ... ဟွတ် ... ဟွတ် "

မသောက်တာကြာပြီမို့ ဆေးလိပ်ငွေ့ကို မခံနိုင်စွာ ချောင်းတွေ တဟွတ်ဟွတ်ဆိုးပေမယ့် ဆက်ပြီး သောက်ဖို့ ပြင်လိုက်၏။

"Shit ! ဘာလို့ဆေးလိပ်တွေသောက်နေရတာလဲ ပေး"

ဘယ်လိုဘယ်လို လိုက်လာပြီး အနားရောက်လာမှန်းမသိသော ဇောင်းလွှမ်းက သူ့လက်ထဲက ဆေးလိပ်ကို ဆက်ခနဲ လှမ်းယူကာ မြေပေါ်ပြစ်ချပြီး ဖိနပ်ဦးနှင့် အကြမ်းပတမ်းတက်နင်းလိုက်သဖြင့်

"မင်းဘာလုပ်တာလဲ ငါသောက်နေတာမမြင်ဖူးလား "

"သောက်စရာလား ခင်ဗျားက ဘယ်တုန်းက စီးကရက်သောက်ဖူးလို့လဲ "

ထားက ဘာမှဆက်မပြောပဲ နောက်တစ်လိပ်ကို ထပ်ထုတ်ပြီး မီးညှိနေပြန်၏။

"ဆရာမ "

"မင်း ငါ့ကို ဘာမှလာတားစရာမလိုဘူး ဇောင်းလွှမ်း မင်းနဲ့ငါက တစ်ကန့့်ဆီပဲ နားလည်လား ဒီတစ်ခါတားရင် မင်းလက်ကို ရိုက်ချိုးပြီး ဆည်ထဲ မြောပလိုက်မယ် "

ထား၏ ဒေါသက အဆုံးအစမရှိ။ ယုံကြည်မှု့ကို ဖောက်ဖျက်ပြီး သစ္စာမရှိတဲ့ လူအတွက် မေတ္တာဆိုတာ ရှိစရာမလိုဘူးလို့ တွေးနေမိသလား။ သိပ်ချစ်ရပါတယ် ကလေးငယ်။ ချစ်လွန်းလို့လဲ အခြားလူနဲ့ သဝန်တိုနေမိတာပေါ့ ။ နဲနဲလေးမှ ဖြေရှင်းမပြပဲ မသိဟန်ဆောင်နေခြင်းကို ထားပိုမုန်းသည်လေ။

"ဒါဆိုလဲ ချိုးလိုက်ပါ ဆရာမသာစိတ်ပြေမယ်ဆိုရင် လက်တင်မဟုတ်ဖူး တစ်ကိုယ်လုံးရိုက်ချိုးလို့လဲ ရတယ်နော် ဘာဖြစ်နေတာလဲ ဘာကို စိတ်ဆိုးနေတာလဲ ပြောပါဗျာ "

"အိပ်ချင်ယောင်ဆောင်သူက နိုးရခက်တယ် ဇောင်းလွှမ်း မင်းငါ့ကို Play နေတာ ဒီလေါက်နဲ့ ရပ်သင့့်ပြီ "

ချစ်သော ... ဆရာမWhere stories live. Discover now