Part 13 Zawgyi

1.4K 60 4
                                    

ခဲရောင်တောက်ပသော အဆောက်အဉီးးကြီး၏ အတွင်း ဟောခန်းကြီးတွင် ဖွဲ့စည်းထားသော အခန်းများအားလုံးတွင် သူ့နေရာနှင့်သူ လေ့ကျင့်နေကြသူများရှိ၏။ သင်ပေးသော ဆရာ တပည့်များ၏ လက်ရေးစမ်းသံတွေ သဲအိတ်ကို တဒိုင်းဒိုင်းထိုးကာ ပြိုင်ပွဲဝင်ရန်လေ့ကျင့်နေသူတွေ သက်လုံကောင်းအောင် အားကစားနည်းတစ်မျိုးမဟုတ် တစ်မျိုး လုပ်နေသူတွေ အားလုံး ကို သူတစ်ချက်ကြည့်ပြီး

"Kris ငါ စုံစမ်းခိုင်းထားတာတွေ အဆင်ပြေရဲ့လား "

Kris က သူ့အနား ခပ်ယိုယို့ရပ်နေရာမှ ရှေ့တိုးလာပြီး ဖိုင်တစ်ချို့ကို ပေး၏။

"ဉီးလေး ​စုံစမ်းခိုင်းထားတဲ့ ဇောင်းလွှမ်းအကြောင်းနဲ့ ဓာတ်ပုံတွေပါ "

သူနမည်က ခွန်မင်းဆက် အသက်အားဖြင့် ၃၄ နှစ်။ အရပ်ရှည်ပြီး ခန့်ငြားကာ လေ့ကျင့်သားရသော ကိုယ်ဟန်တွင်ကြွက်သားအမြောင်းမြောင်းက ရှိနေသဖြင့် Fix size အင်္ကျီနှင့် လူငယ်ဆန်သော ဘောင်းဘီရှည်ကြောင့် အရွယ်ထက်ပိုပြီး နုပျိုခန့်ငြားနေသည်။

"ငါ့အခန်းမှာ သွားကြည့်တာပေါ့ "

"ဟုတ်ကဲ့ "

လေ့ကျင့်ရေးလုပ်သော ဟောခန်းကြီး၏ ထောင့်ဆုံး ကော်ရစ်တာရှိ ဓာတ်လှေကားမှ အပေါ်ဆုံးရုံးခန်းသို့ တက်သွားလေသည်။ ကျယ်ဝန်းသော ရုံးခန်းကြီး၏ အလယ် နက်ပြာရောင်ဆက်တီတွင် ထိုင်လျက် တူဖြစ်သူ ပေးသော ဖိုင်ကို တစ်ခုချင်းကြည့်၏။Kris ခေါ် ခွန်းဆက် က ဉီးလေး၏ ဘေးတွင်ထိုင်လျက် မေးသမျှကို ဖြေကြားရန် အသင့်။

"သူ့အမေ မမခမ်းနွယ်က ငါ့အကိုရဲ့ဆရာမ သူလဲ သူ့အမေလို သိပ်တော်မယ်ထင်တယ်"

"တော်တယ် ဉီးလေး ကေသရီကို ကိုင်ပေါက်လိုက်တာမြန်း ဉီးလေးကိုပြမယ် "

Kris က သူ့ဖုန်းထဲက ဗီဒီယိုကို ဖွင့်ပြလေ၏။ ခွန်မင်းဆက် ခေါင်းတငြိမ့်ငြိမ့်ပြုံးရင်း

"မမခမ်းနွယ် သွေးတွေက အပြည့်စီးဆင်းနေတာပဲကိုး တကယ့်ကျောက်ရိုင်းလေးပဲ "

"ဉီးလေး သွေးပေးရင် ပိုတောင်ထက်လာအုံးမှာ ကျွန်တော်တို့ Club က ကြယ်တစ်ပွင့် ထက်ထွက်လာမယ်ထင်တယ် "

ချစ်သော ... ဆရာမΌπου ζουν οι ιστορίες. Ανακάλυψε τώρα