Part 11

5.5K 466 43
                                    

"ဇောင်း ... ထမင်းကြော်လာစား"

တံခါးကို ခေါက်ပြီး ပြောလိုက်တော့

""ခဏနေ လာခဲ့မယ် အဝတ်လဲနေလို့ "

ထား လဲ ဘာမှ ဆက်မပြောတော့ပဲ ထမင်းစားခန်းဘက် ပြန်လျှောက်လာပြီး ဘွား ဘေးနားဝင်ထိုင်ကာ

"ဘွား စားရတာအဆင်ပြေရဲ့လား "

"ပြေပါတယ် ဆရာမလေးရယ် အားနာစရာ ဘာလို့မီးဖိုချောင် ဝင်ရတာလဲ ဇောင်းရှိတဲ့ဟာကို "

"ဟင်းဟင်း ရပါတယ် ဘွားရယ် အားမနာာပါနဲ့ "

"ဘာတွေ အားမနာာပါနဲ့ လုပ်နေတာလဲဗျ "

မီးဖိုခန်းဘက် ဝင်လာသော ဇောင်းက နားစွန်နားဖျားကြားကာ ဆရာမဘေးက ခုံမှာ ဝင်ထိုင်ပြီးမေးလိုက်သဖြင်ပ ဘွားမေသက်ရော ထား ပါ ဇောင်းကို လှည့်ကြည့်လိုက်ကြ၏။ ဇောင်းက အဖြူအစိမ်းဝတ်ထားတာမဟုတ်ပဲ အပြင်ဝတ်နဲ့ တစ်နေရာရာသွားမယ့်သူနဲ့ တူနေသည်လေ။

"ဒီနေ့ကျောင်းမတက်ဘူးလား "

ထမင်းအစ်ထဲက ထမင်းကြော်တွေကို ပန်းကန်ထဲ ပြောင်းထည့့်ရင်း ဇောင်းလှည့်ကြည့်ပြီး ရယ်ကာ ခေါင်းခါ၏။

"ဘာလို့လဲ စာမေးပွဲက နီးနေတဲ့ဟာ "

"အေးလေ မြေးရဲ့ သွားစရာရှိလို့လား "

ဇောင်းက ထမင်းကြော်တစ်လုပ် ခတ်စားရင်း ကော်ဖီကိုပါ မှုတ်သောက်ရင်းမှ

"ကောင်လေးနဲ့ သွား Date မလို့ ဘွား လိုက်မလား "

"ဘယ်ကကောင်လေးလဲ မြေးက ရည်းစားရနေပြီလား "

ဆရာမထားသခင်၏ မျက်လုံးများက လေဆာဆို ဇောင်းတစ်ကိုယ်လုံးလောင်ကျွမ်းနေလောက်ပြီ။ အကဲခတ်ပြီး မကြည်သလို ကြည့်နေပုံက ထပေါက်​ေတာ့မယ့်မြွေဟောက်လို။ ဇောင်း သိပေမယ့် မသိချင်ယောင်ဆောင်က မှင်သေသေနှင့် ထပ်ပြော၏။

"ဟုတ်တယ်လေ ကောင်ချောလေး အနဲဆုံးတော့ အသက်မကြီးသေးဘူး တစ်ချို့တလေလို "

ထားသခင် ဒေါသက ပိုပြင်းလာကာ ဇောင်း၏ ခြေထောက်ကို ဖိနင်းလိုက်လေ၏။

"အား !"

"ဘာဖြစ်လို့လဲ မြေး "

"ခုံစောင်းနဲ့ခြစ်မိသွားလို့ပါ ဘာမှမဟုတ်ဖူး "

ချစ်သော ... ဆရာမWhere stories live. Discover now