Part 24

6.6K 404 29
                                    

"ရှယ်ယာတွေက ဆက်တိုက်ထိုးကျနေပြီ "

"ဒီလိုဆက်သွားရင် ဒေဝါလီ ခံနိုင်ရပါတယ် ဥက္ကဌကြီး "

"CEO က အချိန်တွေအကြာကြီး နေရာက လစ်လပ်သွားလို့ ကုမ္ပဏီက သည်လိုအခြေအနေဖြစ်သွားရတာပါ "

မြောက်မြားလှစွာသော အကြောင်းပြချက်များနှင့် တစ်ယောက်တစ်ပေါက် စကားသံများကြောင့် ရှယ်ယာရှင်အစည်းအဝေးပွဲ၏ ထိပ်ဆုံးခုံမှာ ထိုင်နေသော ဦးမင်းသခင် မျက်ခုံးစပ်ကို ညာလက်နှင့့် ဖိနှိပ်ထားရင်းမှ လက်ယာဘက်က ဘာမှ ဝင်မဆိုပဲ ထိုင်နေသော သမီးဖြစ်သူကို လှမ်းကြည့်လိုက်၏။

"CEO ဘယ်လို တာဝန်ယူပေးမှာလဲ ဒီလိုသာ ဆက်တိုက်ဖြစ်နေရင် ကုမ္ပဏီကို မှီခိုနေတဲ့ အခြေခံလူတန်းစားတွေအကုန်လုံး ထမင်းငတ်ကုန်လိမ့်မယ်"

အရောင်းာင်းအဝယ်ကျဆင်းမှု့နဲ့ ရှယ်ယာထိုးကျမှု့နှင့် အနှုတ်လက္ခဏါပြလာသော L group သည် တဖြည်းဖြည်း နေဝင်ချိန်ကို လှမ်းမြင်နေရပြီ။ တကယ်တော့ ဒါဟာ ထားကြောင့်မဟုတ် ထားအပြင်မှာ ရောက်နေချိန် ဒေါ်ကလျာနှင့် မောင်ဖြစ်သူ ဗညား၏ ကုမ္ပဏီငွေ အလွဲသုံးစားလုပ်မှု့တွေကြောင့် ဆိုတာ အားလုံး သိရက်နှင့် CEO ကိုသာ လက်ညှိုးထိုးနေကြသည်မို့။

"ကဲ.. ကဲ ..လူကြီးမင်းတို့ ဒီလိုအခြေအနေက စိတ်ဝမ်းကွဲဖို့ ကောင်းတဲ့အချိန်မဟုတ်တာ သိရက်သားနဲ့ဗျာ .. ကျုပ်ပြောတာတစ်ချက်လောက်နားထောင်ကြပါ"

ဦးမင်းသခင်နှင့် ထားသခင်ပြီးလျှင် တတိယရှယ်ယာရှင် ဦးဇေယျာအောင်၏ ကြားဖြတ်စကားကြောင့် အားလုံး ငြိမ်သွားကြလေ၏။ ဦးဇေယျာအောင်က နှယ်နှယ်ရရမဟုတ်။ L group နှင့်အပြိုင် Jg လုပ်ငန်းစု၏ ဥက္ကဌကြီးဖြစ်လေ၏။ နိုင်ငံတကာအဆင့့်မှီ ဖက်ရှင် များ ဖြန့်ချီသော လုပ်ငန်းစုပိုင်ရှင်လဲဖြစ်၏။

"တစ်ဖက်စောင်းနင်းဖြစ်နေတဲ့ L group ကို ဘက်ညီသွားဖို့ ကျုပ်တို့ Jg က အတက်နိုင်ဆုံး ကူညီပေးသွားမယ် ။ဦးမင်းသခင် ဘာမှ မပူပါနဲ့  ကျုပ်တို့ လုပ်ငန်းစုနှစ်ခု ပူးပေါင်းရအောင်ပါ "

လုပ်ငန်းစုနှစ်ခုပူးပေါင်းဖို့ရာ ရွှေနှစ်ပြားကို တစ်ပြားထဲ ဆက်ရအောင် ဟူသော သဘောသက်ရောက်သည်မို့ ဦးမင်းသခင်၏ မျက်လုံးတွေက ထားဆီရောက်သွား၏။ ထား၏ မျက်လုံးတွေက ကားချပ်ပေါ်က ရှယ်ယာအတက်အကျနှင့် ​ေစျးနှုန်းဇယားကို ငေးကြည့်နေလေ၏။

ချစ်သော ... ဆရာမOnde as histórias ganham vida. Descobre agora