Part 14 Zawgyi

1.6K 67 4
                                    

"တီး ... တီ...တီး "

သံရှည်ဘဲလ်သံအဆုံးမှာ မုန့်ဈေးတန်းမှ ကျောင်းသားကျောင်းသူများနှင့် ကျောင်းလမ်းပြင်ပက ကျောင်းသားကျောင်းသူများအားလုံး ကျောင်းရှိရာ အဆောက်အအုံသို့ ချန်ပီယံတွေ အလား ပြေးလာကြ၏။ ကျောင်းဝင်စည်းရိုးအပေါက်တွင် တာဝန်လက်ပတ်ပတ်ထားသော ဆရာဆရာမများက ကြိမ်လုံးကိုယ်စီနှင့် ရပ်နေကြသည်။

"အမြန်ဝင်ကြ အမြန်ဝင် ဘာလို့ နောက်ကျနေတာလဲ "

"ကားပိတ်နေလို့ပါ ဆရာမ "

"နောက်ဆို စောစောလာ"

"ဟိုတစ်ယောက် ရှေ့ဆံပင်ကို နားကြားထဲရောက်အောင် ညှပ်စမ်း ကျောင်းသူက ကျောင်းသူလိုမနေပဲ အတော်လှချင်နေလား "

"ဟိုကောင် ပုဆိုးပြင်ဝတ်စမ်း "

အစရှိသဖြင့် မျက်လုံးဒေါက်ထောက်ကြည့်ပြီး ကျောင်းသား/သူတွေ စည်းကမ်းနှင့်ညီစေရန် ဆုံးမသော ခပ်ကြမ်းကြမ်းဆရာမများနှင့် ဆရာများ တာဝန်ကျနေသဖြင့် နောက်ကျနေသော ကျောင်းသားများမှာ ခေါင်းမဖော်နိုင်အောင် ကြောက်လန့်နေရပါသည်။

မုန့်ဈေးတန်းက ကျောင်းထဲမှာမို့ အမြန်ပြေးလာလို့ရပေမယ့် ကျောင်းအပြင်က ကလေးအတွက် အတွက်တော့ အသကုန်ပြေးလာမှ တော်ရာကျ၏။ နောက်မို့ဆို ထိုင်ထ သို့မဟုတ် နားရွက်ဆွဲတာ ခေါင်းခေါက်တာ ကြိမ်လုံးစာ မိတက်တာမို့ပင်။

"ကလေးတွေ အားလုံး အပြင်ထွက် နိုင်ငံတော်သီချင်းဆိုရမယ် "

အတန်းပိုင်ဆရာမများ၏ ဆော်သြသံကြောင့် အတန်းထဲက ကျောင်းသားတွေအားလုံးက သက်ဆိုင်ရာ အတန်းရှေ့ ကော်ရစ်တာတွင် တန်းစီပြီး ရပ်လိုက်ကြ၏။Section တိုင်းမှ အတန်းခေါင်းဆောင်မော်နီတာများအားလုံးက အရှေ့ဆုံးမှာ ရပ်ပေမယ့် ၁၀ တန်း မော်နီတာများက အလံတိုင်ရှေ့မှာ ထွက်ရပ်ပြီး အလေးပြုရန် တိုင်ပင်ခေါ်ပေးရသည်ည် ဒါက ထုံးစံပင်။

"ဇောင်း ဆရာမ ကို ကြည့်"

သုံးတန်းမြှောက်မှာ ရပ်နေရင်း ဖြူလေး၏ ခပ်တိုးတိုးစကားသံကြောင့် ကော်ရစ်တာထိပ်ဆုံးမှာ မတ်မတ်ရပ်နေသော ချစ်သော ဆရာမကို လှမ်းကြည့်ပြီး ပြုံးလိုက်၏။ဆရာမက ဒီအချိန်မှာ အခန့်ငြားဆုံးပဲ။အလံရှိရာဆီ စိတ်ညွှတ်ကာ ငြိမ်ငြိမ်လေးရပ်နေသော ဆရာမပုံစံက တကယ်ကိုကြည့်ကောင်းနေတာမို့လေ။

ချစ်သော ... ဆရာမWhere stories live. Discover now