Part 8 Zawgyi

1.5K 63 0
                                    

"ဇောင်း ခုထိ မသွားသေးဘူးလား "

ယခင်ကဆိုလျှင် သူတောင် ဘာမှမပြင်ဆင်ရသေးခင် မနက်စာ စီစဉ်ပေးပြီး ကျောင်းကို ထွက်သွားတက်သောကြောင့် အဖြူအစိမ်းယူနီဖောင်းနှင့် ဧည့်ခန်းဆက်တီပေါ်မှာ ထိုင်နေတာကို တွေ့ရသဖြင့် မေးလိုက်ခြင်းပါ။ ထိုကလေးမက ဒီနေ့မှ ထူးထူးခြားခြား ဆံပင်တွေကို သပ်သပ်ရပ်ရပ် စည်းထားသေးသည်။

"ဆရာမကို စောင့်နေတာလေ "

အဖြူရင်ဖုံးခါးတို အစိမ်းပုတ်ရောင်ထမိန်နှင့် ဖွံ့ထွားသော ကိုယ်ဟန်ကို ဇောင်း ငေးကြည့်ရင်းပြောလိုက်လေ၏။ ဆရာမက သိပ်ကြည့်လို့ကောင်းပြီး စမတ်ကျသည်ဟု သူမြင်၏။ စာအုပ်တစ်ချို့နှင့် ဘော့ပင်အိတ် လိုအပ်သော ပစ္စည်းများ ထည့်ထားသော ခြင်းကို ငုံ့ပြီး ကြည့်နေသော မျက်တောင်ခတ်ခတ်များ ပင့်တက်လာတာကအစ ဇောင်းမှာ တမေ့တမော။

"ဒီနေ့မှ ထူးထူးခြားခြား တို့ကို စောင့်နေတယ်ပေါ့ ဘာစိတ်ကူးတွေ ပေါက်လာပါလိမ့်နော် ဆံပင်တွေလဲ စည်းထားလိုက်သေး အတော်လှချင်တယ် ဟုတ်လား "

"ဆရာမကလဲဗျာ မိန်းကလေးပဲ လှချင်တာဆန်းလား ဆရာမကျတော့ လှချင်လို့ ပန်းပန်မိတ်ကပ်လူးထားတာမှတ်လား "

"ဒါပေါ့ ကိုယ်ကမိန်းကလေးလေ မင်းက မိန်းကလေးလား အာ မသိပါဘူး ကိုယ်က ယောက်ျားကြီးထင်နေတာ LCD ဖြစ်နေတော့လေ "

တွေ့လား ။ ဆရာမက လူကို ဖဲ့နေတာ။ ပြောချင်တာက သူ့လို ခန္ဓာကိုယ်မရှိ ယောက်ျားကြီးလို ထွားကျိုင်းတယ် ဆိုပြီး ပြောတာ။ ဇောင်း တစ်ချက်မဲ့ပြလိုက်ပြီး

"ဆရာမအခုမသိလဲ နောက်သိမှာပေါ့ မဟုတ်ဖူးလား ကျွန်တော့အတွက် အဲ့ဒါတွေ မလိုပါဘူး ဆရာမအတွက်ပဲ လိုအပ်တာ "

"ဘာပြောတာလဲ "

"ဘာမှမပြောပါဘူး အော် ဒါနဲ့ ကျွန်တော်ညက အိပ်မက်မက်တယ် သိလား  "

ဇောင်းက ထား၏ ဘေးနားသို့ တိုးကပ်ကာ ပြောလိုက်သဖြင့် ခြင်းကိုနှိုက်နေတဲ့ လက်သွယ်သွယ်တွေ ရပ်တန့်သွားပြီး ဇောင်းကို မျက်လုံးလေး ဝိုင်းကာ ပြန်ကြည့်လိုက်ပြီး

ချစ်သော ... ဆရာမWhere stories live. Discover now