မမခတ္တာက အဆောက်အဦးအ၀င်အ၀တွင် စောင့်နေကြသော အစောင့်များအား ခေါ်ကာ သူ့အား ထိုနေရာမှ ဆွဲထုတ်စေ၏ ။

ဘာလို့ သူ့ကို ဘယ်သူကမှ မမှတ်မိနေကြတာလဲ ။ ချစ်လှပါချည်ရဲ့ဆိုတဲ့ ချစ်ရသူအမျိုးသားက သူမဟုတ်ဘဲ တခြား အမျိုးသမီးကို လက်ထပ်လိုက်တာ ဘာကြောင့်လဲ ။

ဘယ်လို အကြောင်းတွေကြောင့် သူရှိနေလျက် မိန်းမတစ်ယောက်ကို ထပ်ယူလိုက်ရတာလဲ ။ နောက်ပြီး အဲဒီမိန်းက သူ့အစ်မ ။

" ဟင့်အင်း .. မဖြစ်ရဘူး အဲ့လို !!! "

မောဟိုက်နေတဲ့ ရင်အစုံကို လက်ဖြင့်
ဖိလျက် မျက်၀န်းတွေဆီက စိမ့်၍ ထွက်လာသော အရည်ကြည်တွေကိုလည်း လက်ဖမိုးနဲ့ တရကြမ်း သုတ်လိုက်မိသည် ။

သူက အိပ်မက်မက်နေတာပဲ ။
ဟုတ်တယ် .. ဒါက အိပ်မက်ဆိုး သက်သက်ပဲ။

" Bae ! Bae .. အချစ် ဘာတွေဖြစ်လို့လဲ
ဘာအိပ်မက်တွေမက်တာလဲ ကိုယ့်ကိုပြောပါဦး ကိုယ် လန့်လိုက်တာ အချစ်ရာ အဆင်ပြေလားဟင် .. ကိုယ် ရေယူပေးမယ် "

"ဟင့် အင်း ..  ငါ့အနား .. နေ .. နေပေး ၊
မင်း .. မင်းမရှိတော့မှာ ကြောက်တယ် "

သိပ်ချစ်ရတဲ့ အမျိုးသားက ရေသွားယူပေးမည်ဟု ပြောပြီး အထမှာ ပုံနှုန်းဟာ လက်တွေကို လှမ်း၍ ဖမ်းဆုပ်လိုက်ပြီး အနားမှာပဲ ရှိစေ၏ ။ တကယ်လည်း သူသိပ်ကြောက်နေမိသည်သာ ။ ဒီ အမျိုးသားလေးဆီမှာ သူဘ၀တစ်ခုလုံးကို အပ်နှံထားချင်မိသည်မို့ ခွဲခွာသွားလျှင် သူ ဘယ်လို အသက်ဆက်ရပါ့မလဲ ။

ချစ်ရသူရဲ့ နူးနူးညံ့ညံ့ မသိမသာ ရှင်းပြချက်လေးတွေကြောင့် ပုံနှုန်းဟာ သူ့အခြေအနေကို သူ သိလာခဲ့ရသည် ။ ကောင်ငယ်လေးဟာ သူ့ကို ဘယ်သောအခါမှ ထားရစ်မသွားဘူးလို့လည်း ဆိုလာ၏ ။ သူ့အခြေအနေဟာ ကောင်လေးအတွက် ဘာ၀န်ထုပ်၀န်ပိုးမှ မဖြစ်စေဘဲ ပိုလို့တောင် သဘောကျစေတာမလို့ စိတ်ညစ်စရာမလိုဘူးတဲ့ ။

အဲဒီစကားတွေကို စိတ်ရင်းနဲ့ပြောလာတာဖြစ်ကြောင်း လေးလေးနက်နက်မျက်၀န်းအစုံက သက်သေတည်၏ ။ အတူရှိနေတဲ့ကာလပတ်လုံး သူ့ရဲ့ဆိုးမွေကောင်းမွေကို တစ်ချက်မှ ငြီးငြူခြင်းမရှိပါဘဲ သူ့မျက်နှာတစ်ချက်
မညှိုးစေရတဲ့ ဒီကောင်လေးအပေါ် သူပိုင်ဆိုင်လိုစိတ် ကြီးမိတာ သူ့အမှားဟု မဆိုသာ ။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now